
ဆိုက်ဘာလုံခြုံရေးကုမ္ပဏီ ZecOps ဟာ လူသန်းရာပေါင်းများစွာ အသုံးပြုနေတဲ့ iPhone တွေထဲက လုံခြုံရေးအားနည်းချက်ကို ရှာဖွေတွေ့ရှိပြီးနောက် Apple က patch တစ်ခုဖြန့်ချိဖို့ စီစဉ်ထားပါတယ်။
ဆန်ဖရန်စစ္စကိုအခြေစိုက် ZecOps ဟာ Apple ရဲ့ mail ap အတွင်း ဟက်ကာတွေ အသုံးချနိုင်တဲ့ အားနည်းချက် ၂ ခုကို ရှာဖွေတွေ့ပြီးနောက် ကုမ္ပဏီကို သတိပေးခဲ့ပါတယ်။ Apple က ဒီလအတွင်း ဖြန့်ချိခဲ့တဲ့ beta update တစ်ခုမှာ အားနည်းချက်ဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ အခုအားနည်းချက်ကို ပြင်ဆင်ဖို့ update အပြည့်အဝတစ်ခု ဖြန့်ချိမယ်လို့ အတည်ပြုထားပါတယ်။
iPhone ဒါမှမဟုတ် iPad ရဲ့ mail app မှာအထူးပြုလုပ်တဲ့ အီးမေးလ်နဲ့ အားနည်းချက်ကို အသုံးချနိုင်တယ်လို့ ZecOps တည်ထောင်သူနဲ့ အမှုဆောင်အကြီးအကဲအရာရှိ Zuk Avraham ကပြောခဲ့ပါတယ်။
အားနည်းချက်တွေကို အဆင့်မြင့် အော်ပရေတာ တိုက်ခိုက်မှုတွေမှာ အသုံးပြုထားဖွယ်ရှိတယ်လို့ ကုမ္ပဏီက ထုတ်ပြန်ထားပါတယ်။ တိုက်ခိုက်ခံရသူတွေထဲမှာ မြောက်အမေရိက က Fortune အဖွဲ့အစည်း ၅၀၀ တွေထဲက အဖွဲ့အစည်းတွေနဲ့ ဂျပန်ဆက်သွယ်ရေးက အမှုဆောင်တစ်ဦးနဲ့ ဥရောပက ဂျာနယ်လစ်တစ်ဦးတို့ ပါဝင်တယ်လို့ သိရပါတယ်။
ဟက်ကာတွေက အဲဒီအားနည်းချက်ကို ၂၀၁၈ ဇန်နဝါရီကတည်းက အသုံးချခဲ့ဖွယ်ရှိပါတယ်။ Apple က beta update ဖြန့်ချိတဲ့အချိန်မှပဲ အားနည်းချက်တွေက အများပြည်သူတွေဆီ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။
စိုးထက်
Ref: Bloomberg
အင်တာနက်ဂျာနယ်က နောက်ဆုံးရ နိုင်ငံတကာနဲ့ ပြည်တွင်းက အိုင်တီ၊ မိုဘိုင်းနည်းပညာနဲ့ ပတ်သက်တဲ့ သတင်းတွေကို Youtube Channel ဖြစ်တဲ့ ဒီနေရာ မှာလည်း ကြည့်ရှုနိုင်ပါတယ်