Apple အပေါ် ဒေါသထွက်နေတဲ့ Developer များ

Apple ရဲ့ စက်တင်ဘာ ၁၅ ရက် ပွဲမှာ Apple Watch တွေနဲ့ အဆင့်မြင့် iPad နဲ့ Apple One bundle တို့ကို မိတ်ဆက်ခဲ့ပါတယ်။

ဒါ့အပြင် Apple က စက်တင်ဘာ ၁၆ ရက်မှာ ဖြန့်ချိမယ့် iOS 14 နဲ့ iPadOS 14 တို့ကိုလည်း မိတ်ဆက်ခဲ့ပါတယ်။ Apple ရဲ့ iOS 14 နဲ့ iPadOS 14 ထွက်ရှိမယ့်ရက်နဲ့ ပတ်သက်ပြီး developer တွေက မကျေမနပ် ဖြစ်နေကြပါတယ်။

ပုံမှန်အတိုင်းဆို iOS ဗားရှင်းအသစ် တစ်ခု မထွက်ခင် app တွေက နောက်ဆုံးဗားရှင်းနဲ့ ကိုက်ညီမှု ရှိ၊ မရှိ စစ်ဆေးဖို့ တစ်ပတ်လောက် အချိန်ရပါတယ်။ Apple က iPhone တွေမိတ်ဆက်ပြီး Xcode နဲ့ iOS “Golden Master” ဗားရှင်းကို ဖြန့်ချိလိုက်ရင် developer တွေက သုံးစွဲသူတွေ operating system အသစ်ယူဖို့ app တွေကို ချိန်ညှိနိုင်ပါတယ်။

မနှစ်က iPhone ပွဲအပြီး ၁၀ ရက်အကြာမှာ iOS 13 ဖြန့်ချိခဲ့တဲ့အတွက် app ပြင်ဆင်ဖို့ အချိန် လုံလုံလောက်လောက် ရှိပါတယ်။ ဒီနှစ်မှာတော့ စမ်းသပ်ဖို့ တစ်ရက်တောင် အချိန်မရှိပါဘူး။

-စိုးထက်
Ref: TNW

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««