Apple အတွက် Cross-platform ထောက်ပံ့မှာ မဟုတ်တဲ့ Fortnite

Epic Games ဟာ Fortnite season အသစ်ကို ဖြန့်ချိဖို့ စီစဉ်ထားပါတယ်။ အဲဒီ season အသစ်မှာ content, skin နဲ့ မြေပုံအပြင် objective အသစ်တွေလည်း ပါဝင်ပြီး gameplay ကလည်း မြန်ဆန်သစ်လွင်ပါမယ်။ ဒီတစ်ပတ်ရဲ့ season ကတော့ Marvel စတိုင်ပဲ ဖြစ်ပါတယ်။

Epic Games ကတော့ iOS ထုတ်ကုန်က Fortnite app က တိုက်ရိုက် ငွေပေးချေမှုစနစ်ကို ဖယ်ရှားဖို့ အစီအစဉ် မရှိဘူးလို့ ပြောလိုက်ပါတယ်။ ဒါကြောင့် Apple က App Store စည်းမျဉ်းကို ချိုးဖောက်တယ်ဆိုပြီး Fortnite ကို Store ကနေ ဖြုတ်ထားတဲ့အတွက် update မလုပ်နိုင်ပါဘူး။ iPhone, iPad နဲ့ Mac တို့မှာ Fortnite ရဲ့ season အသစ်ကို မကစားနိုင်ပါဘူး။

Season အသစ်ထွက်ရှိတဲ့အခါမှာ iOS နဲ့ macOS က Fortnite ကစားသူတွေက PC, Android ထုတ်ကုန်နဲ့ ဂိမ်းစက်ပေါ်က Fortnite ကစားသူတွေနဲ့ အတူပြိုင်ဆိုင်ခွင့်ရမှာလည်း မဟုတ်ပါဘူး။ Fortnite ဂိမ်းက သီးခြားဗားရှင်း ၂ ခုဖြစ်သွားမှာပါ။ အဆင့်မြှင့်တင်ထားတဲ့ Fortnite Chapter 2 Season 4 ကတော့ အခြား platform မှာထွက်ရှိပေမယ့် Apple ရဲ့ platform ကတော့ update မလုပ်ရသေးတဲ့ ဗားရှင်း ဖြစ်လာပါမယ်။

-စိုးထက်
Ref: MacRumors

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««