Apple ဝန်ထမ်းတချို့ ရုံးပြန်တက်နေ

Apple က မကြာခင်မှာ ကုမ္ပဏီရဲ့ ကမ္ဘာလုံးဆိုင်ရာ ရုံးတွေမှာ ဝန်ထမ်းတွေ ပြန်လည် ခေါ်ယူမယ်လို့ Bloomberg ကဖော်ပြခဲ့ပါတယ်။

Apple က ကယ်လီဖိုးနီးယားပြည်နယ်၊ ကူပါတီနိုင် Apple Park ဌာနချုပ် အပါအဝင် ရုံးတွေမှာ ဝန်ထမ်းတွေ ပြန်လည် ခေါ်ယူဖို့ ဆုံးဖြတ်ထားပါတယ်။ ဒါပေမဲ့ အခြားနည်းပညာကုမ္ပဏီတွေက ဆက်လက်ဖြစ်ပေါ်နေတဲ့ COVID-19 အတွင်း နေအိမ်ကနေ အလုပ်လုပ်မယ့်ကာလကို တိုးမြှင့်ခဲ့ပါတယ်။ လာမယ့်လအနည်းငယ်အတွင်း အဆင့်လိုက် ဝန်ထမ်းတွေ ပြန်လည်ခေါ်ယူဖို့ Apple က စီစဉ်ထားပါတယ်။ ပထမအဆင့်မှာ နေအိမ်ကနေ အလုပ်လုပ်ဖို့ ခက်ခဲတဲ့ ဝန်ထမ်းတွေကို ပြန်လည်ခေါ်ယူဖို့ အာရုံစိုက်သွားမယ်လို့ Bloomberg ကဖော်ပြခဲ့ပါတယ်။ ကုမ္ပဏီရဲ့ hardware ထုတ်ကုန်က ဝန်ထမ်းတွေကို ပြန်လည်ခေါ်ယူသွားပါမယ်။ ဝန်ထမ်းတချို့ကတော့ Apple ရုံးတွေမှာ ပြန်လည်အလုပ်ဝင်နေပြီ ဖြစ်ပါတယ်။ Apple အစီအစဉ်အရ ဒုတိယအဆင့် ဇူလိုင်လအတွင်း ရုံးတွေမှာ ပြန်လည်အလုပ်လုပ်ဖို့ ဝန်ထမ်းတွေများစွာ ခေါ်ယူမယ်လို့ သိရပါတယ်။

ဒါ့အပြင် Apple က မတ် ၁၄ ရက်မှာ တရုတ်ပြည်ပြင်ပမှာ ပိတ်ထားတဲ့ လက်လီစတိုးတွေကို ပြန်လည်ဖွင့်လှစ်ဖို့ စီစဉ်ထားပါတယ်။

စိုးထက်
Ref: TheVerge

မိမိဆီကို နောက်ဆုံးရ သတင်းမှန်သမျှ အမြဲပို့ပေးစေချင်ရင် အင်တာနက်ဂျာနယ် Messenger Bot ဖြစ်တဲ့ m.me/internetjournal ကို နှိပ်ထားလိုက်နော် . . .