Apple ဝန်ဆောင်မှုအားလုံးကို အသုံးပြုနိုင်မယ့် Apple One

Apple ဟာ ကိုယ်ပိုင်ဝန်ဆောင်မှုတွေ ပါဝင်တဲ့ bundle ဝန်ဆောင်မှုကို ဖြန့်ချိဖို့ရှိပါတယ်။

Android ပေါ်က Apple Music app မှာ ထုတ်ကုန်သစ်အမည်ကို code ထဲမှာ ထည့်သွင်းထားပါတယ်။ Apple ရဲ့ Budle ထုတ်ကုန်သစ် အမည်ကတော့ Apple One ဖြစ်ပါတယ်။ Apple One လစဉ်ကြေးပေးသွင်းဝန်ဆောင်မှုမှာ Apple Music လည်းပါဝင်ပါမယ်။

Apple ဟာ ဒီနှစ်နှောင်းပိုင်းအတွင်း Apple One လစဉ်ကြေးပေးသွင်းဝန်ဆောင်မှုကို bundle ကို ဖြန့်မယ်လို့ Bloomberg ကဖော်ပြထားပါတယ်။ Apple ရဲ့ bundle က ပရိသတ်တွေအနေနဲ့ ဝန်ဆောင်မှု အမျိုးမျိုးကို ဈေးသက်သာစွာ ရရှိစေဖို့ ရည်ရွယ်ဖြန့်ချိတာ ဖြစ်ပါတယ်။ Apple One အခြေခံဝန်ဆောင်မှုမှာ Apple Music နဲ့ Apple TV+ တို့ပါဝင်မယ်လို့ Bloomberg ကဖော်ပြထားပါတယ်။ Apple Arcade နဲ့ Apple News+ ဝန်ဆောင်မှုအပြင် iCloud လစဉ်ကြေးပေးသွင်းမှု ပါတဲ့ bundle ကတော့ ပိုမို ဈေးကြီးပါမယ်။

-စိုးထက်
Ref: TechCrunch

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««