
Apple ရဲ့နောက်ဆုံးထွက် iPhone 12 ဖုန်းတွေဟာ စတင်ရောင်းချနေပြီ ဖြစ်ပါတယ်။ iPhone 12 တွေက ဖုန်းကောင်းတွေ ဖြစ်ပေမယ့် ပြီးပြည့်စုံတယ်လို့ မဆိုနိုင်ပါဘူး။
ပြီးခဲ့တဲ့အပတ်က သုံးစွဲသူတချို့ iPhone 12 mini ရဲ့ lock screen sensitivity ပြဿနာကြုံတွေ့ခဲ့ပြီး iPhone 12 နဲ့ Pro ကတော့ Message app ပြဿနာ ကြုံတွေ့နေရပါတယ်။ အခုအခါ iPhone 12 ထုတ်ကုန်တွေမှာ အခြား display ပြဿနာ ရှိပါတယ်။ iPhone 12 ၆.၁ လက်မ မော်ဒယ် ဒါမှမဟုတ် iPhone 12 mini မှာ SMS မက်ဆေ့ချ်၊ သတိပေးချက်တွေ ပျောက်ဆုံးသလို Lock Screen မှာ press ဒါမှမဟုတ် swipe လုပ်တဲ့အခါ မမှတ်မိတဲ့ ပြဿနာ ဖြစ်ပေါ်ခဲ့ပါတယ်။
အခုနောက်ဆုံး အားနည်းချက်ကတော့ iPhone 12 display မှာ အစိမ်းရောင်ဖြစ်နေပြီး မှိတ်တုတ်မှိတ်တုတ် ဖြစ်နေပါတယ်။ အဲဒီပြဿနာကို Apple ရဲ့ Support Community စာမျက်နှာမှာလည်း တင်ပြထားကြပါတယ်။ လတ်တလောမှာတော့ အဖြေရှာနိုင်တဲ့ နည်းလမ်း မတွေ့သေးပါဘူး။
စိုးထက်
Ref: PocketNow
»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««