Apple မှ မျက်နှာကာဒီဇိုင်းနဲ့ ထုတ်လုပ်ပုံနည်းလမ်းကို ဝေမျှ

ဒီလအစောပိုင်းမှာ Apple က ဆေးပညာဝန်ထမ်းတွေအတွက် ထောက်ပံ့ပေးတဲ့ မျက်နှာကာအကြောင်းကို ဝေမျှခဲ့ပါတယ်။ အခုဆိုရင် Apple ဟာ လူနဲ့ ကုမ္ပဏီတွေ ကိုယ်ပိုင်မျက်နှာကာထုတ်လုပ်နိုင်ဖို့ ပြုလုပ်ပုံအသေးစိတ်ကို ဝေမျှလိုက်ပါတယ်။ ဝေမျှမှုတွေကိုတော့ ဒီလင့်ခ်မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

ဒါပေမဲ့ Apple ကသတိပေးချက်တစ်ခုနဲ့ စာရွက်စာတမ်းကို ဖြန့်ချိထားတာ ဖြစ်ပါတယ်။ မျက်နှာကာ ထုတ်လုပ်ပုံထုတ်လုပ်နည်း အသေးစိတ်ကို ကျွမ်းကျင်သူတွေက အသုံးပြုသင့်တယ်လို့ ရေးသားထားပါတယ်။ ဒါ့အပြင် မျက်နှာကာဒီဇိုင်း ပြုလုပ်ပြီး ထုတ်လုပ်မှုအတွက် ကျွမ်းကျင်အဆင့်ပညာရှင် လိုအပ်ကာ စက်ရုံပတ်ဝန်းကျင်အတွင်းက ပရော်ဖက်ရှင်နယ်အင်ဂျင်နီယာ ဒါမှမဟုတ် မက္ကင်းနစ်တွေပဲ ပြုလုပ်သင့်တယ်လို့ သတိပေးလိုက်ပါတယ်။

Apple ဟာ လမ်းညွှန်ချက်ထဲမှာ မျက်နှာကာတစ်ခု ဖန်တီးဖို့ ဘယ်လိုအရာဝတ္ထုတွေ လိုအပ်လဲဆိုတာ ရှင်းပြထားပါတယ်။ အခြားဘယ်လို အရာဝတ္ထုတွေနဲ့လည်း အစားထိုးထုတ်လုပ်နိုင်တာကိုလည်း ဖော်ပြထားပါတယ်။

စိုးထက်
Ref: 9to5Mac