Apple နဲ့ Google အပြင် Amazon ကလည်း Parler ကိုပိတ်ပင်

အမေရိကန်ကွန်ဆာဗေးတစ်တွေ အသုံးပြုတဲ့ လူမှုကွန်ရက် Parler ကိုတော့ Amazon, Apple နဲ့ Google တို့က ၂၄ နာရီအကြာမှာ ပိတ်ပင်လိုက်ပါတယ်။

Amazon ဟာ cloud hosting ဝန်ဆောင်မှု Amazon Web Services ကနေ Parler ကို တနင်္ဂနွေနေ့က ပိတ်လိုက်ပါတယ်။ Amazon Web Services ဟာ လူအများနဲ့ Amazon ဝန်ထမ်းတွေက ဖိအားတွေအပြီးမှာ အများပြည်သူ အင်တာနက်ကနေ Parler ကိုပိတ်ပင်လိုက်ပါတယ်။

Parler ရဲ့ဝက်ဘ်ဆိုက်နဲ့ app ကတော့ host လုပ်ပေးမယ့်သူ မရှိမချင်း ပိတ်နေမှာ ဖြစ်ပါတယ်။ Parler ကို ဒေါ်နယ်ထရမ့်ထောက်ခံသူတွေနဲ့ ကွန်ဆာဗေးတစ်တွေ အလွန်အသုံးပြုနေကြပါတယ်။ Parler သုံးစွဲသူတချို့ဟာ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က အမေရိကန် Capitol စီးနင်းမှုအတွင်း ပါဝင်ခဲ့ပါတယ်။

Amazon Web Services က Parler ပေါ်လစီအကြီးအကဲ အေမီပေကော့ဆီ ပို့တဲ့စာတစ်စောင်ကို CNN Business ရရှိခဲ့ပါတယ်။ စာထဲမှာတော့ ပြီးခဲ့တဲ့ အပတ်အတွင်း Parler ဆီမှာ အကြမ်းဖက်ဖို့ လှုံ့ဆော်၊ နှိုးဆွတဲ့ post တွေ ဥပမာအဖြစ် ၉၈ ခုရှိတယ်လို့ ပြောခဲ့ပြီး screenshot တွေလည်း တွဲပြထားပါတယ်။ Apple ဟာ app store ကနေ Parler ကိုဖယ်ရှားအပြီးမှာ Amazon ကလည်း ပိတ်ပင်ဖို့ ဆုံးဖြတ်လိုက်တာလို့ သိရပါတယ်။

-စိုးထက်
Ref: CNN

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««