Apple နဲ့အတူ မောင်းသူမဲ့ကား တည်ဆောက်နေတဲ့ Hyundai

ပြီးခဲ့တဲ့လက Reuters အနေနဲ့ Apple Project Titan မောင်းသူမဲ့ကား ၂၀၂၄ ခုနှစ်မှာ ထွက်ရှိမယ့်အကြောင်း သတင်းဖော်ပြခဲ့ပါတယ်။ အခုဆိုရင် Apple အနေနဲ့ ကားလောကထဲ ဝင်လာတာနဲ့ ပတ်သက်ပြီး ကောလာဟလတွေထွက်နေပါတယ်။

အခုဆိုရင် Bloomberg ဖော်ပြချက်အရ Apple ဟာ ဝန်ထမ်းတွေ ခန့်နေပြီး ကားစီမံကိန်းလုပ်ငန်းက အစောပိုင်း အဆင့်မှာပဲ ရှိသေးပါတယ်။ CNBC ဖော်ပြချက်အရ Hyundai ပြောရေးဆိုခွင့်ရှိသူက “Apple ဟာ Hyundai Motor အပါအဝင် ကမ္ဘာလုံးဆိုင်ရာ ကားထုတ်လုပ်သူတွေများစွာနဲ့ ဆွေးနွေးနေတယ်လို့ ကျွန်တော်တို့ နားလည်ထားပါတယ်။ ဆွေးနွေးမှုကလည်း အစောပိုင်း အဆင့်မှာပဲ ရှိသေးတာကြောင့် ဆုံးဖြတ်ချက် မထွက်လာသေးပါဘူး” လို့ သိရပါတယ်။ Apple ကလည်း ကားအပြင် ဘက်ထရီတွေကို ထုတ်လုပ်ဖို့ Hyundai နဲ့သဘောတူညီမှု အဆိုပြုထားတယ်လို့ Korea Economic Daily ကဖော်ပြထားပါတယ်။

-စိုးထက်
Ref: Engadget

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««