Apple ထက္ ဆယ္ဆပိုမိုတိက်တဲ့ 3D face sensing ကို Vivo မိတ္ဆက္

[ Zawgyi ]

တ႐ုတ္ႏိုင္ငံမွာ က်င္းပျပဳလုပ္ခဲ့တဲ့ Mobile World Congress Shanghai မွာ Vivo က 3D sensing နည္းပညာသစ္တစ္မ်ိဳးကို မိတ္ဆက္ခဲ့ပါတယ္။

Vivo ရဲ႕ အဆင့္ျမင့္ facial recognition နည္းပညာကို Time of Flight (TOF) လို႔ေခၚပါတယ္။ အဲ့ဒီ sensor ဟာ အလင္းတန္းတစ္ခု ထုတ္လႊင့္ၿပီး subject ကေန အလင္းျပန္ကန္လာတဲ့ Time of Flight (TOF) ကို တြက္ခ်က္ေပးပါတယ္။ ဒီ sensor ဟာ 3D mapping ကို ဖုန္းနဲ႔ သံုးမီတာအကြာအေဝးအထိ အလုပ္လုပ္ႏိုင္တယ္လို႔ Vivo က ဆိုပါတယ္။ ဒါ့အျပင္ ပိုေကာင္းတဲ့ gesture နဲ႔ motion ေျခရာခံမႈ၊ 3D photography နဲ႔ AR တို႔ကိုလည္း ေထာက္ကူႏိုင္ပါတယ္။

အဆိုပါ နည္းပညာဟာ AI ရဲ႕အကူအညီရယူၿပီး လံုၿခံဳေရးလုပ္ေဆာင္ခ်က္ေတြကို ပိုေကာင္းေအာင္ အဆင့္ျမွင့္ႏိုင္ပါတယ္။ TOF 3D sensing နည္းပညာက Mi 8 Explorer Edition, iPhone X နဲ႔ Huawei က မိတ္ဆက္ထားတဲ့ နည္းပညာတို႔ထက္ ႐ိုးရွင္းတယ္လို႔လည္း Vivo က ေျပာၾကားခဲ့ပါတယ္။

Vivo ရဲ႕နည္းပညာမွာ sensor point ၃၀၀,၀၀၀ ပါဝင္ၿပီး ဒါဟာ Apple ရဲ႕ sensor အေရအတြက္ထက္ ၁၀ ဆ ပိုမိုတဲ့ပမာဏျဖစ္ပါတယ္။ ဒါေၾကာင့္ facial recognition ထက္ ပိုမိုက်ယ္ျပန္႔စြာအသံုးျပဳႏိုင္ၿပီး AR, gesture နဲ႔ motion ေျခရာခံမႈအျပင္ 3D scanning နဲ႔ ပညာဆိုင္ရာ ရည္ရြယ္ခ်က္မ်ားအတြက္ object ေတြကို ဒီဂ်စ္တယ္အျဖစ္ ဖန္တီးျခင္းအတြက္ပါ အသံုးျပဳႏုိင္ပါတယ္။

ဒီနည္းပညာကို ဖုန္းေတြမွာျမင္ေတြ႕ရမယ့္ အခ်ိန္အတိအက်ကိုေတာ့ ကုမၸဏီက ေျပာၾကားခဲ့ျခင္းမရိွပါဘူး။

-ေနာင္ေနာင္
Ref: GSMArena

[ Unicode ]

တရုတ်နိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ Mobile World Congress Shanghai မှာ Vivo က 3D sensing နည်းပညာသစ်တစ်မျိုးကို မိတ်ဆက်ခဲ့ပါတယ်။

Vivo ရဲ့ အဆင့်မြင့် facial recognition နည်းပညာကို Time of Flight (TOF) လို့ခေါ်ပါတယ်။ အဲ့ဒီ sensor ဟာ အလင်းတန်းတစ်ခု ထုတ်လွှင့်ပြီး subject ကနေ အလင်းပြန်ကန်လာတဲ့ Time of Flight (TOF) ကို တွက်ချက်ပေးပါတယ်။ ဒီ sensor ဟာ 3D mapping ကို ဖုန်းနဲ့ သုံးမီတာအကွာအဝေးအထိ အလုပ်လုပ်နိုင်တယ်လို့ Vivo က ဆိုပါတယ်။ ဒါ့အပြင် ပိုကောင်းတဲ့ gesture နဲ့ motion ခြေရာခံမှု၊ 3D photography နဲ့ AR တို့ကိုလည်း ထောက်ကူနိုင်ပါတယ်။

အဆိုပါ နည်းပညာဟာ AI ရဲ့အကူအညီရယူပြီး လုံခြုံရေးလုပ်ဆောင်ချက်တွေကို ပိုကောင်းအောင် အဆင့်မြှင့်နိုင်ပါတယ်။ TOF 3D sensing နည်းပညာက Mi 8 Explorer Edition, iPhone X နဲ့ Huawei က မိတ်ဆက်ထားတဲ့ နည်းပညာတို့ထက် ရိုးရှင်းတယ်လို့လည်း Vivo က ပြောကြားခဲ့ပါတယ်။

Vivo ရဲ့နည်းပညာမှာ sensor point ၃၀၀,၀၀၀ ပါဝင်ပြီး ဒါဟာ Apple ရဲ့ sensor အရေအတွက်ထက် ၁၀ ဆ ပိုမိုတဲ့ပမာဏဖြစ်ပါတယ်။ ဒါကြောင့် facial recognition ထက် ပိုမိုကျယ်ပြန့်စွာအသုံးပြုနိုင်ပြီး AR, gesture နဲ့ motion ခြေရာခံမှုအပြင် 3D scanning နဲ့ ပညာဆိုင်ရာ ရည်ရွယ်ချက်များအတွက် object တွေကို ဒီဂျစ်တယ်အဖြစ် ဖန်တီးခြင်းအတွက်ပါ အသုံးပြုနိုင်ပါတယ်။

ဒီနည်းပညာကို ဖုန်းတွေမှာမြင်တွေ့ရမယ့် အချိန်အတိအကျကိုတော့ ကုမ္ပဏီက ပြောကြားခဲ့ခြင်းမရှိပါဘူး။

-နောင်နောင်
Ref: GSMArena