Apple ဆာဗာ ပြဿနာကြောင့် Mac ကွန်ပျူတာတွေ နှေးကွေး

Mac သုံးစွဲသူအများစုရဲ့ ကွန်ပျူတာတွေက app ဖွင့်တဲ့အခါ နှေးကွေးကုန်ပြီး အခြား Apple ဝန်ဆောင်မှု ပြဿနာတွေ ရှိနေတယ်လို့ သိရပါတယ်။

လူအများစုက အသစ်ထွက်လာတဲ့ macOS Big Sur ကို download လုပ်အပြီး Apple ရဲ့ OCSP (online certification status protocol) ဝန်ဆောင်မှု ပြုတ်ကျခဲ့ပါတယ်။ အဲဒီဝန်ဆောင်မှုဟာ Mac ပေါ်က Apple နဲ့ third-party software အတွက် ဒီဂျစ်တယ်ခွင့်ပြုချက် တရားဝင်အောင် ပြုလုပ်ပေးတယ်လို့ Ars Technica ကဖော်ပြခဲ့ပါတယ်။

Apple အနေနဲ့ status site ပြဿနာကို ဖြေရှင်းပေးလိုက်ပေမယ့် သုံးစွဲသူတွေ macOS software update ပြုလုပ်မှုကိုတော့ တားဆီးဖွယ်ရှိပါတယ်။ အခုပြတ်တောက်မှုက Big Sur ကြောင့် ဖြစ်တာလား ဆိုတာတော့ မသိသေးပါဘူး။

-စိုးထက်
Ref: TheVerge

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««