Apple စတော့ရှယ်ယာတန်ဖိုး ဒေါ်လာ နှစ်ထရီလီယံကျော်ရှိလာ

Apple ဟာ ဗုဒ္ဓဟူးနေ့က စတော့ရှယ်ယာ ဈေးကွက်တန်ဖိုး ဒေါ်လာ နှစ်ထရီလီယံ ကျော်လွန်သွားပါတယ်။

Apple ရဲ့ အခုစတော့ရှယ်ယာဈေးနှုန်းက ဒေါ်လာ ၄၆၇.၇၇ အထိ တက်လာပြီး ဒေါ်လာ ၄၆၂.၈၃ နဲ့ပိတ်သိမ်းခဲ့တာကြောင့် ဈေးကွက်တန်ဖိုး ဒေါ်လာ ၁.၉၈ ထရီလီယံ ရှိပါတယ်။ ကပ်ရောဂါဖြစ်နေပေမယ့် Apple အတွက် အလွန်အောင်မြင်တဲ့ နှစ်တစ်နှစ် ဖြစ်လာပါတယ်။ ကပ်ရောဂါကြောင့် လူအများစုက နေအိမ်ကနေ အလုပ်လုပ်ကိုင်လာတာကြောင့် နည်းပညာကို ပိုမို အသုံးချလာကြပါတယ်။ သုံးလပတ် အားလပ်ရက်ကာလအတွင်း iPhone ရောင်းအား ၁၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပေမယ့် ၂၀၂၀ မှာတော့ ပြန်လည် တိုးတက်လာပါတယ်။

ဇူလိုင်လအတွင်း Apple ဟာ ဝင်ငွေ ဒေါ်လာ ၅၉.၇ ဘီလျံ ရရှိခဲ့ပြီး ထုတ်ကုန်နဲ့ ဝန်ဆောင်မှုပိုင်းတွေ တိုးတက်လာပါတယ်။ Apple ဟာ အိမ်ကနေ အလုပ်လုပ်သူတွေအတွက် ကောင်းစွာ ထောက်ပံ့နိုင်ပြီး အွန်လိုင်းရောင်းအားလည်း ကောင်းမွန်နေပါတယ်။

Apple ဟာ လက်လီစတိုးတွေ ပိတ်ရတဲ့အချိန် အွန်လိုင်းရောင်းချမှုကို အသားကျအောင်လည်း ဆောင်ရွက်ခဲ့ပါတယ်။

-စိုးထက်
Ref: GSMArena