Apple က EarPods နဲ့ power adapter ရောင်းဈေးလျှော့ချ

Apple ဟာ iPhone 12 ဖုန်းသစ်ကို ဈေးနှုန်းသက်သာစွာ ရောင်းချနိုင်ဖို့ EarPods နဲ့ Power adapter တွေကို မထည့်သွင်းထားဘူးလို့ အတည်ပြုခဲ့ပါတယ်။

Apple က Apple Store မှာ Lightning connector ပါဝင်တဲ့ EarPods ကိုတော့ မူလဈေးထက် ၁၀ ဒေါ်လာလျှော့ပြီး ၁၉ ဒေါ်လာနဲ့ ရောင်းချခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ 20W power adapter ကိုလည်း မူလဈေးထက် ၁၀ ဒေါ်လာလျှော့ပြီး ၁၉ ဒေါ်လာနဲ့ ရောင်းချခဲ့ပါတယ်။

ပွဲမတိုင်ခင်ကတည်းက iPhone အသစ်တွေမှာ EarPods နဲ့ charger မပါဘူးလို့ ကောလာဟလ ထွက်ပေါ်ခဲ့ပါတယ်။ သတင်းထွက်တဲ့အတိုင်း ဖြစ်လာပါတယ်။ Apple ဟာ Watch တွေကိုလည်း charger မပါဘဲ ရောင်းချခဲ့ပါတယ်။

Apple ဟာ iPhone 12 မိတ်ဆက်တဲ့အချိန်မှာ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး ကိုးကားပြောကြားခဲ့ပြီး ထုတ်ကုန်အမြောက်အမြား ထုတ်လုပ်မှု လိုအပ်ချက်ကြောင့် ဆက်စပ်ပစ္စည်းတွေကို လျှော့ချခဲ့တယ်လို့ ပြောခဲ့ပါတယ်။

-စိုးထက်
Ref: Engadget

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««