Apple က အသစ်မိတ်ဆက်လိုက်တဲ့ AirPods Max

Apple ဟာ တန်ဖိုးကြီး over-ear နားကြပ်ကို မိတ်ဆက်လိုက်ပါတယ်။ ၂၀၂၁ ခုနှစ်မှ ထွက်လာမယ်လို့ ကောလာဟလထွက်နေတဲ့ နားကြပ်တွေကို တရားဝင် မိတ်ဆက်လိုက်ပါတယ်။

Apple AirPods Max ကိုတော့ ဒီဇင်ဘာ ၁၅ ရက်မှာ ၅၄၉ ဒေါ်လာနဲ့ ရောင်းချပါမယ်။ နားကြပ်မှာ Active Noise Cancellation (ANC) ပါဝင်ပြီး Adaptive EQ နဲ့ အလွန်တည်ငြိမ်တဲ့ အထူးအသံလည်း ပါဝင်လာပါတယ်။ Apple ကိုယ်ပိုင် H1 ချစ်ပ်အသုံးပြုထားပြီး ကြိုးမဲ့ Bluetooth 5.0 အသံစနစ်လည်း ပါဝင်လာပါတယ်။ နားကြပ်မှာ port တစ်ခု ပါဝင်ပြီး ဘက်ထရီအားသွင်းဖို့ lightning ထောက်ပံ့ထားပါတယ်။ နားကြပ်ကို အားတစ်ခါသွင်းရင် နာရီ ၂၀ အထိ အသုံးပြုနိုင်ပါတယ်။

 

AirPods max မှာ အဆင့်မြင့် sensor တွေနဲ့ ခလုတ်တွေ ပေါင်းစပ်ထားပါတယ်။ Digital Crown ခလုတ်ကတော့ Apple Watch ကနေ ရယူထားပြီး အသံအတိအကျ ချိန်နိုင်သလို play ဒါမှမဟုတ် pause အပြင် သီချင်းလည်း ကျော်တာ၊ ဖုန်းလက်ခံ၊ ဖြေကြားတာလည်း လုပ်နိုင်ပါတယ်။

ဒါ့အပြင် Noise control ခလုတ် ပါဝင်ပြီး ANC နဲ့ Transparency mode ကိုပြောင်းနိုင်ပါတယ်။ Transparency mode ကတော့ ပတ်ဝန်းကျင်အသံကို ထပ်တိုးပေးတာ ဖြစ်ပါတယ်။ AirPods Max ကိုတော့ မီးခိုး၊ ငွေ၊ အပြာ၊ အစိမ်းနဲ့ ပန်းရောင်တို့ ထုတ်လုပ်ထားပါတယ်။

 

-စိုးထက်
Reef: GSMArena

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««