Apple ကုမၸဏီရဲ႕တန္ေၾကး ေဒၚလာ ၁ ထရီလီယံေက်ာ္ရွိလာ

Apple ရဲ႕စေတာ့ရွယ္ယာေဈးကြက္ဟာ ရက္အနည္းငယ္အတြင္း ေဈးႏႈန္းျမင့္တက္လာတာေၾကာင့္ ကုမၸဏီရဲ႕တန္ေၾကးက ေဒၚလာ ၁ ထရီလီယံေက်ာ္ရွိလာတယ္လို႔ Yahoo Finance က ေဖာ္ျပခဲ့ပါတယ္။ Apple ဟာ ရွယ္ယာအေရအတြက္သစ္ေတြကို ဘ႑ာေရးနဲ႔ ေငြလဲႏႈန္းေကာ္မရွင္ (SEC) ထံ ေပးပုိ႔ခဲ့ပါတယ္။

Apple ရွယ္ယာတစ္ခုရဲ႕ေဈးႏႈန္းဟာ ေဒၚလာ ၂၀၃.၄၅ ရွိခဲ့ပါတယ္။ လည္ပတ္ေရာင္းခ်ေနတဲ့ Apple ရွယ္ယာစုစုေပါင္း ၄,၈၂၉,၉၂၆,၀၀၀ ရွိတယ္လုိ႔ သိရပါတယ္။ Apple ရဲ႕စေတာ့ရွယ္ယာ တန္ဖိုးဟာ ေဒၚလာ ၂၀၇.၃၉ ရွိလာတဲ့အခါမွာ ကုမၸဏီတန္ေၾကးဟာ ေဒၚလာ ၁ ထရီလီယံရွိလာခဲ့ပါတယ္။

Apple ဟာ Amazon နဲ႔ Microsoft တို႔လို ဆီလီကြန္ေတာင္ၾကား ၿပိဳင္ဘက္ေတြကို ေက်ာ္ျဖတ္ၿပီး တန္ေၾကး ေဒၚလာ ၁ ထရီလီယံရိွတဲ့ ပထမဆံုးကုမၸဏီ ျဖစ္လာခဲ့ပါတယ္။

အမ်ားပုိင္ကုမၸဏီေတြရဲ႕ ရွယ္ယာေတြဟာ အခ်ိန္နဲ႔အမွ် ေျပာင္းလဲေနပါတယ္။ Apple လိုမ်ိဳး ကုမၸဏီတခ်ိဳ႕အေနနဲ႔ ကုိယ္ပုိင္ရွယ္ယာေတြကုိ ျပန္လည္ဝယ္ယူေလ့ရွိပါတယ္။ ဒါဟာ အနာဂတ္မွာ ရွယ္ယာေဈးႏႈန္းေတြ ဆက္လက္တိုးတက္လာမယ္ဆိုတဲ့ ေထာက္ခံအားေပးမႈတစ္ခုျဖစ္သလို အလြန္အားေကာင္းတဲ့ ရွယ္ယာအေရအတြက္ကုိ ေလွ်ာ႔ခ်ေပးၿပီး ရွယ္ယာတစ္ခုခ်င္းစီရဲ႕ ေဈးႏႈန္းကို တိုးတက္လာေစပါတယ္။ ကုမၸဏီႀကီးေတြက အမႈေဆာင္ေတြအေနနဲ႔ ရွယ္ယာေတြအတြက္ ေငြေၾကးရရွိပါတယ္။ တစ္ခါတေလမွာ ကုမၸဏီေတြအေနနဲ႔ ေငြေၾကးအရင္းအႏွီးရွာေဖြဖို႔ ရွယ္ယာသစ္ေတြကို ထုတ္ေရာင္းေလ့ရွိပါတယ္။

အဲဒီအေၾကာင္းျပခ်က္ေတြေၾကာင့္ အမ်ားပုိင္ကုမၸဏီေတြအေနနဲ႔ ရွယ္ယာအေရအတြက္သစ္ေတြကို ထုတ္ျပန္ဖို႔လိုအပ္ပါတယ္။

စိုးထက္
Ref: TechCrunch/BBC

[ Unicode ]

Apple ရဲ့စတော့ရှယ်ယာဈေးကွက်ဟာ ရက်အနည်းငယ်အတွင်း ဈေးနှုန်းမြင့်တက်လာတာကြောင့် ကုမ္ပဏီရဲ့တန်ကြေးက ဒေါ်လာ ၁ ထရီလီယံကျော်ရှိလာတယ်လို့ Yahoo Finance က ဖော်ပြခဲ့ပါတယ်။ Apple ဟာ ရှယ်ယာအရေအတွက်သစ်တွေကို ဘဏ္ဍာရေးနဲ့ ငွေလဲနှုန်းကော်မရှင် (SEC) ထံ ပေးပို့ခဲ့ပါတယ်။

Apple ရှယ်ယာတစ်ခုရဲ့ဈေးနှုန်းဟာ ဒေါ်လာ ၂၀၃.၄၅ ရှိခဲ့ပါတယ်။ လည်ပတ်ရောင်းချနေတဲ့ Apple ရှယ်ယာစုစုပေါင်း ၄,၈၂၉,၉၂၆,၀၀၀ ရှိတယ်လို့ သိရပါတယ်။ Apple ရဲ့စတော့ရှယ်ယာ တန်ဖိုးဟာ ဒေါ်လာ ၂၀၇.၃၉ ရှိလာတဲ့အခါမှာ ကုမ္ပဏီတန်ကြေးဟာ ဒေါ်လာ ၁ ထရီလီယံရှိလာခဲ့ပါတယ်။

Apple ဟာ Amazon နဲ့ Microsoft တို့လို ဆီလီကွန်တောင်ကြား ပြိုင်ဘက်တွေကို ကျော်ဖြတ်ပြီး တန်ကြေး ဒေါ်လာ ၁ ထရီလီယံရှိတဲ့ ပထမဆုံးကုမ္ပဏီ ဖြစ်လာခဲ့ပါတယ်။

အများပိုင်ကုမ္ပဏီတွေရဲ့ ရှယ်ယာတွေဟာ အချိန်နဲ့အမျှ ပြောင်းလဲနေပါတယ်။ Apple လိုမျိုး ကုမ္ပဏီတချို့အနေနဲ့ ကိုယ်ပိုင်ရှယ်ယာတွေကို ပြန်လည်ဝယ်ယူလေ့ရှိပါတယ်။ ဒါဟာ အနာဂတ်မှာ ရှယ်ယာဈေးနှုန်းတွေ ဆက်လက်တိုးတက်လာမယ်ဆိုတဲ့ ထောက်ခံအားပေးမှုတစ်ခုဖြစ်သလို အလွန်အားကောင်းတဲ့ ရှယ်ယာအရေအတွက်ကို လျှော့ချပေးပြီး ရှယ်ယာတစ်ခုချင်းစီရဲ့ ဈေးနှုန်းကို တိုးတက်လာစေပါတယ်။ ကုမ္ပဏီကြီးတွေက အမှုဆောင်တွေအနေနဲ့ ရှယ်ယာတွေအတွက် ငွေကြေးရရှိပါတယ်။ တစ်ခါတလေမှာ ကုမ္ပဏီတွေအနေနဲ့ ငွေကြေးအရင်းအနှီးရှာဖွေဖို့ ရှယ်ယာသစ်တွေကို ထုတ်ရောင်းလေ့ရှိပါတယ်။

အဲဒီအကြောင်းပြချက်တွေကြောင့် အများပိုင်ကုမ္ပဏီတွေအနေနဲ့ ရှယ်ယာအရေအတွက်သစ်တွေကို ထုတ်ပြန်ဖို့လိုအပ်ပါတယ်။

Ref: TechCrunch/BBC