Apple ကိုယ်ပိုင်ဆီလီကွန်ချစ်ပ် အသုံးပြုထားတဲ့ MacBook Air, MacBook Pro နဲ့ Mac Mini

Apple ဟာ ကိုယ်ပိုင်ဖန်တီးထားတဲ့ Apple ဆီလီကွန်ချစ်ပ်နဲ့ ဖန်တီးထားတဲ့ ပထမဆုံးကွန်ပျူတာတွေကို မိတ်ဆက်ခဲ့ပါတယ်။ Apple ရဲ့ laptop တွေက iPhone လိုပဲ Mac ခေတ်အသစ်ကို ဝင်ရောက်လာပါတယ်။

Apple ဟာ မနေ့က ပြုလုပ်ခဲ့တဲ့ပွဲမှာတော့ MacBook Air အသစ်၊ ၁၃ လက်မ MacBook Pro နဲ့ Mac Mini desktop တို့ကို မိတ်ဆက်ခဲ့ပါတယ်။ အဲဒီ ထုတ်ကုန်တွေမှာ Apple ရဲ့ ပထမဆုံး ဆီလီကွန်ချစ်ပ် အသုံးပြုထားပါတယ်။

ဒါ့အပြင် M1 ချစ်ပ်အကြောင်းကိုလည်း မိတ်ဆက်ခဲ့ပါတယ်။ M1 ချစ်ပ်ကတော့ iPhone, iPad နဲ့ Apple Watch လိုမျိုး ထုတ်ကုန်တွေက မိသားစုဝင်ဖြစ်လာပါတယ်။

ဒါ့အပြင် iPhone နဲ့ iPad app တွေကို M1 ချစ်ပ်အသုံးပြုထားတဲ့ laptop တွေမှာ အသုံးပြုလို့ ရကြောင်း မိတ်ဆက်ခဲ့ပါတယ်။

Apple ဟာ Mac အတွက် ကိုယ်ပိုင်ချစ်ပ်ထုတ်လုပ်နိုင်လာတာကြောင့် laptop နဲ့ desktop ထဲက လုပ်ဆောင်ချက်တွေနဲ့ ထုတ်လုပ်မှုကို ပိုမို လွတ်လပ်စွာ လုပ်ကိုင်လာနိုင်ပါမယ်။ ဒါ့အပြင် Apple က ကာလရှည် လက်တွဲလာတဲ့ Intel နဲ့လည်း ခွဲခွာမှုတစ်ရပ် ဖြစ်လာပါတယ်။

အခု အပြောင်းအလဲကြောင့် Apple က Mac Software ကို iPhone နဲ့ iPad တွေနဲ့ ညီညွှတ်အောင် လုပ်ဆောင်လာနိုင်ပါမယ်။ Apple ဆီလီကွန်ချစ်ပ် Mac တွေမှာ iPhone app တွေလည်း အသုံးပြုလာနိုင်ပါမယ်။
Apple ရဲ့ virtual ပွဲမှာ မိတ်ဆက်ခဲ့တဲ့ ထုတ်ကုန်တွေကို အောက်မှာ ဖော်ပြပေးပါမယ်။

Apple က M1 ချစ်ပ်ကို မိတ်ဆက်

Apple ဟာ ပွဲအတွင်း M1 ချစ်ပ်ကို စတင် မိတ်ဆက်ခဲ့ပါတယ်။ M1 ချစ်ပ်ဟာ စွမ်းဆောင်ရည်မြင့် core ၄ ခုနဲ့ စွမ်းအင်ပိုင်း core ၄ ခုအပါအဝင် core ၈ ခုပါဝင်တဲ့ CPU ဖြစ်ပါတယ်။ M1 ချစ်ပ်ပါဝင်တဲ့ Mac အားသာချက်ကတော့ ဘက်ထရီသက်တမ်း ကောင်းမွန်တာ ဖြစ်ပါတယ်။

M1 ထောက်ပံ့ထားတဲ့ MacBook Air အသစ်

Apple ပထမဆုံး မိတ်ဆက်ခဲ့တဲ့ ထုတ်ကုန်ကတော့ M1 ထောက်ပံ့ထားတဲ့ MacBook Air ကိုမိတ်ဆက်ခဲ့ပါတယ်။ MacBook Air အသစ်ကတော့ ပန်ကာမပါတဲ့ ဒီဇိုင်းအသုံးပြုထားပါတယ်။ ဘက်ထရီသက်တမ်းနဲ့ စွမ်းဆောင်ရည်လည်း ကောင်းမွန်လာပါတယ်။ iMovie က ဗီဒီယိုတွေ export ပြုလုပ်နှုန်း ၃ ဆ မြန်ဆန်ပြီး Lightroom က ဓာတ်ပုံတွေကတော့ ၂ ဆ မြန်ဆန်လာပါတယ်။ MacBook Air ဘက်ထရီသက်တမ်းကလည်း တာရှည်ခံတယ်လို့ Apple ကပြောခဲ့ပါတယ်။

M1 ချစ်ပ်မှာ Apple ရဲ့ပုံရိပ်ဖော်မှုလုပ်ငန်းစဉ်ကြောင့် webcam ကိုအဆင့်မြှင့်တင်ထားပါတယ်။ လာမယ့်အပတ်မှာ ၉၉၉ ဒေါ်လာနဲ့ စတင်ရောင်းချပါမယ်။

၁၃ လက်မ MacBook Pro

MacBook Pro အသစ်ကတော့ အရင်မော်ဒယ်ထက် ၃ ဆ မြန်ဆန်တယ်လို့ Apple ကကြေညာခဲ့ပါတယ်။ ရုပ်ထွက်ပိုင်း စွမ်းဆောင်ရည်ကလည်း ၅ ဆ မြန်ဆန်ပါတယ်။

MacBook Air အသစ်လိုပဲ M1 ချစ်ပ်ပါဝင်တဲ့ MacBook Pro ဘက်ထရီသက်တမ်း ပိုမိုကောင်းမွန်ပါတယ်။ ဒါ့အပြင် အင်တာနက်အသုံးပြုတဲ့အခါ ၁၇ နာရီ အသုံးပြုနိုင်ပြီး ဗီဒီယိုကိုတော့ နာရီ ၂၀ အထိ ကြည့်နိုင်ပါတယ်။ အခြား Mac တွေထက် ဘက်ထရီသက်တမ်း ပိုမိုကြာရှည်ခံပါတယ်။

MacBook Pro မှာတော့ စတူဒီယိုအရည်အသွေး မိုက်ကရိုဖုန်းပါဝင်လာပါတယ်။ လာမယ့်အပတ်အတွင်း ၁,၂၉၉ ဒေါ်လာနဲ့ ရောင်းချပါမယ်။

M1 ချစ်ပ်ပါဝင်တဲ့ Mac Mini

M1 ချစ်ပ်ပါဝင်လာတဲ့ Mac Mini ကတော့ အရင်မော်ဒယ်ထက် ၃ ဆ မြန်ဆန်တယ်လို့ သိရပါတယ်။ ဒါ့အပြင် machine learning တာဝန်တွေ ဆောင်ရွက်တဲ့အခါမှာလည်း စွမ်းဆောင်ရည် ၁၅ ဆ ကောင်းမွန်တယ်လို့ သိရပါတယ်။

Mac Mini ကိုတော့ Xcode အတွင်း ကုတ်ထပ်တာအပြင် Final Cut Pro အတွင်း render လုပ်တဲ့အခါ ၆ ဆ မြန်ဆန်တယ်လို့ သိရပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၇၀၀ ဖြစ်ပြီး လာမယ့်အပတ်မှာ ရောင်းချပါမယ်။

-စိုးထက်
Ref: BusinessInsider

»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««