App Store ရဲ့ download ကန့်သတ်ချက်ကို 150MB အထိ တိုးမြှင့်လိုက်တဲ့ Apple

Apple ဟာ စက်တင်ဘာ ၁၉ ရက်မှာ iOS 11 ကို တရားဝင်ဖြန့်ချိခဲ့ပြီး ဖုန်းအင်တာနက်နဲ့ App Store က App တွေကို download ပြုလုပ်နိုင်မယ့် ကန့်သတ်ချက်ကို တိုးမြှင့်လိုက်တဲ့အကြောင်း Developer’s Blog ကနေ ရေးသား ထုတ်ပြန်လိုက်ပါတယ်။

iOS 11 မဖြန့်ချိခင် ဖုန်းအင်တာနက်နဲ့ download ပြုလုပ်ခွင့် ကန့်သတ်ချက်က 100MB ဖြစ်ပြီး အခုအခါမှာတော့ 150MB အထိ တိုးမြှင့်ပေးလိုက်တာဖြစ်ပါတယ်။

Apple ဟာ ၂၀၁၃ ခုနှစ်က download ကန့်သတ်ချက် 50MB ကနေ 100MB အထိ တိုးမြှင့်ပေးခဲ့ပါတယ်။ iOS ရဲ့ မူလ ဆယ်လူလာ download ကန့်သတ်ချက်က 10MB ဖြစ်ပါတယ်။

Apple အနေနဲ့ data ကွန်ရက်ပေါ်မှာ app အကြီးစားတွေကို သုံးစွဲသူ မသိလိုက်ဘဲ download ပြုလုပ်မိမှာ စိုးရိမ်တဲ့အတွက် အခုလို ကန့်သတ်ချက် ပြုလုပ်ထားတာဖြစ်တယ်လို့ သိရပါတယ်။

စိုးထက်
Ref: GSMArena