App Store တွေအပြောင်းအလဲပြုလုပ်ဖို့ အဖွဲ့တည်ထောင်

App ဖန်တီးသူတွက Google နဲ့ Apple ရဲ့ App Store နဲ့ Play Store ထိန်းချုပ်မှုတို့ကို တန်ပြန်မယ့် အဖွဲ့တစ်ခု တည်ထောင်လိုက်ပါတယ်။

လအနည်းငယ်အတွင်း app store တွေမှာ စည်းမျဉ်းထိန်းချုပ်မှု မြင့်တက်လာပါတယ်။ Epic Games, Deezer, Basecamp, Tile, Spotify နဲ့အခြား app ဖန်တီးသူတွေ စုစုပေါင်း ၁၃ ခုက App Fairness အဖွဲ့တစ်ခုကို ဖွဲ့စည်းလိုက်ပါတယ်။ အဖွဲ့သစ်က app store ထောက်ပံ့သူတွေ ပေါ်လစီပြောင်းလဲဖို့ ဖိအားပေးသွားတာ ဒါမှမဟုတ် app store တွေကို စည်းမျဉ်းပြဋ္ဌာန်းဖို့ ဖိအားပေးတာအထိ ပြုလုပ်သွားပါမယ်။

ဥပမာအနေနဲ့ Epic Games ဟာ လက်ရှိမှာ App Store ကော်မရှင်စည်းမျဉ်းတွေနဲ့ ပတ်သက်ပြီး အမှုရင်ဆိုင်နေရပါတယ်။ Basecamp ရဲ့ Hey email app ဖြန့်ချိမှုကြောင့် လူသိရှင်ကြား တိုက်ခိုက်မှုတွေ ဖြစ်ပေါ်နေပြီး Apple ရဲ့

ကိုယ်ပိုင် in-app purchase အသုံးမပြုတဲ့အတွက် Apple က update ပြုလုပ်ခွင့် ပိတ်ထားပါတယ်။

အဖွဲ့ထဲက အခြား app ထုတ်လုပ်သူကလည်း Apple ဆောင်ရွက်ချက်အပေါ် ထုတ်ပြန်ချက်တွေနဲ့ ဝေဖန်ခဲ့သလို တချို့ကလည်း ကွန်ဂရက်ဆီ တင်ပြထားပါတယ်။

-စိုးထက်
Ref: TechCrunch

»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««