App Store ကော်မရှင် ၁၅ ရာခိုင်နှုန်းပဲ ကောက်ယူမယ့် Apple အစီအစဉ်အသစ်

Apple ဟာ ကာလရှည်ကောက်ခံနေတဲ့ App Store ကော်မရှင်နှုန်းထားကို လျှော့ချလိုက်ပါတယ်။ iPhone ထုတ်လုပ်သူရဲ့ ဒီဂျစ်တယ် App Store သမိုင်းအတွင်း iOS developer တွေ ဝင်ငွေရယူတဲ့နည်းလမ်းကို တည်ငြိမ်အောင် ပြုလုပ်ပေးပြီး အသေးစားလုပ်ငန်းတွေအတွက် တစ်စိတ်တစ်ပိုင်း အစီအစဉ် ဖြစ်ပါတယ်။

App Store အသေးစားလုပ်ငန်း အစီအစဉ်သစ်အရ app တွေကနေ နှစ်စဉ် ဝင်ငွေ ဒေါ်လာ တစ်သန်းအောက် ရရှိသူက Apple ရဲ့ပုံမှန် ၃၀ ရာခိုင်နှုန်း ဝန်ဆောင်ခ ထက်ဝက် ၁၅ ရာခိုင်နှုန်းသာ ပေးရမှာ ဖြစ်ပါတယ်။ အခပေး app ဝင်ငွေနဲ့ in-app purchase ရရှိတဲ့ ဝင်ငွေကိုလည်း ထည့်သွင်း တွက်ချက်ထားပါတယ်။

Apple က iOS developer တွေအားလုံး အစီအစဉ်မှာ ပါဝင်သင့်တယ်လို့ ပြောထားပေမယ့် ၂၈ သန်းကျော် စာရင်းသွင်းထားတဲ့ app ထုတ်လုပ်သူ ဘယ်လောက်ရာခိုင်နှုန်း ပါဝင်တယ်ဆိုတာ ထုတ်မပြောထားပါဘူး။ CNBC ဖော်ပြချက်အရ Apple App Store ဟာ ၂၀၁၉ ခုနှစ်အတွင်း ခန့်မှန်းဝင်ငွေ ဘီလျံ ၅၀ အထိ ရရှိပါတယ်။ Apple အတွက် iPhone အပြင် အချက်အချာကျတဲ့ လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။

-စိုးထက်
Ref: TheVerge

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««