App နဲ့တွဲဖက်အသုံးပြုရတဲ့ Deadpool အရုပ်

Marvel အရုပ်စုဆောင်းသူတွေ စိတ်ဝင်စားစေမယ့် အရုပ်ဖြစ်ပါတယ်။ Deadpool ရဲ့ အပြန်အလှန် တုံ့ပြန်စကားပြောနိုင်မယ့် ဦးခေါင်းအရုပ်ကို app တွေနဲ့ တွဲဖက်အသုံးပြုရပါမယ်။ အခု အရုပ်မှာ အသံပိုင်းနဲ့ စကားစုပေါင်း ၆၀၀ ကျော် ပါဝင်ပြီး ပိုင်ရှင် သတိပြုမိစေမယ့် sensor တွေနဲ့ မော်တာလည်း ပါဝင်လာပါတယ်။

Marvel ပရိသတ်တွေ ကြိုက်နှစ်သက်စေမယ့် စကားစုတွေလည်း ပါဝင်တယ်။

ဒါ့အပြင် အခြားသူတွေကို နောက်ပြောင်ဖို့ app နဲ့ တွဲဖက် အသုံးပြုရပါမယ်။ ဥပမာအနေနဲ့ သူငယ်ချင်းကို စော်ကားမော်ကားပြောတာ၊ မနက်နိုးတာတွေ ပြုလုပ်ပေးတယ်။ Deadpool ဦးခေါင်းအရုပ်က စကားစုတွေကို ဒေါသထွက်တာ၊ selfie ရိုက်ကူးတာ၊ အိပ်ရာဝင်တာနဲ့ X-Men ဆိုပြီး ၄ မျိုးခွဲထားပါတယ်။

Deadpool ဦးခေါင်းအရုပ်က အရွယ်ရောက်ပြီးသားသူတွေ အတွက် ဒီဇိုင်းထုတ်ထားတာပါ။ အရုပ်ထဲ 1.5V C ဓာတ်ခဲ ၄ လုံး ထည့်ရပါမယ်။ Hasbro Pulse ကနေ ဒေါ်လာ ၁၀၀နဲ့ ကြိုတင်မှာယူနိုင်ပြီး ၂၀၂၀ နှစ်ကုန်ပိုင်းမှာ ထွက်ရှိလာပါမယ်။

 

စိုးထက်
Ref: CNET