Apai Genie holder

ဟန်းဆက်နဲ့ ကိုယ်တိုင်ဓာတ်ပုံ ပြန်ရိုက်နိုင်မယ့် Apai Genie (ROBOT-CAMERAMEN) ဖြစ်ပါတယ်။ Review ဗီဒီယိုတွေ ရိုက်ချင်လို့ပဲဖြစ်ဖြစ်၊ အခုခေတ်မှာ Trend ဖြစ်နေတဲ့ TikTok ဆော့ရင်ပဲဖြစ်ဖြစ် Face Tracking ပါတဲ့အတွက် ကိုယ်သွားတဲ့ ကင်မရာပတ်ပတ်လည်ကို လိုက်လှည့်ပြီး ရိုက်ပေးနိုင်စွမ်းရှိပါတယ်။ Instagram နဲ့ twitter နဲ့ပါ ချိတ်သုံးလို့ရပါတယ်။ ထူးခြားချက်က Apai Genie APK ကိုအသုံးပြုပြီး Bluetooth နဲ့ချိတ်ဆက် အသုံးပြုရမှာဖြစ်လို ကိုယ်သွားတဲ့ ကင်မရာပတ်ပတ်လည်ကို 360 degree အထိ လိုက်လှည့်ပေးနိုင်တာ ဖြစ်ပါတယ်။ 360° Infinite Horizontal Rotation, Object Tracking, Face Tracking, Smart Shooting, Portrait Switch စတာတွေ ထောက်ပံ့ပေးထားသလို ပုံရိုက်ကူးရာမှာ အထားအသို စနစ်ကျစေမယ့် AI Composition စနစ်ပါ ထောက်ပံ့ပေးထားပါတယ်။ သုံးစွဲရ လွယ်ကူပြီး ပါဝါစား သက်သာမှုလည်း ရှိပါတယ်။

တန်ဖိုးက ၂၇,၀၀၀ ကျပ်ဖြစ်ပြီး Linn IT & Mobile Mart (နေပြည်တော်) ဖုန်း (၀၆၇) ၂၄၄၈၈ နဲ့ ၂၆၈၈၄ တို့ကို ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««