Anycall မှ မိုဘိုင်းပညာဒါနဟောပြောပွဲပြုလုပ်မည်

Anycall Mobileမှ ကြီးမှုးပြီး မိုဘိုင်းသမားတွေအတွက် ပညာဒါနဟောပြောပွဲကို နိုဝင်ဘာလ ၁၈ ရက် နဲ့ ၁၉ ရက်တွေမှာ ပြုလုပ် သွားမယ်လို့ သိရပါတယ်။

မိုဘိုင်းဖုန်းလောကမှ အထင်ကရဆရာများမှ တစ်ယောက်လျှင် ၂ နာရီနှုန်းဖြင့် ပညာတွေကို မျှဝေပေးသွားဖြစ်ပါတယ်။ မန္တလေးမြို့တော်ခန်းမှာ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ပြုလုပ်သွားမှာဖြစ်ပြီး တက်ရောက်နားထောင်မယ့် လူဦးရေကို အရေအတွက် ၃၀၀ ကန့်သတ် ထားတယ်လို့ သိရပါတယ်။ လာရောက်နားထောင်ချင်တဲ့သူတွေအနေနဲ့ Anycall facebook page ရဲ့ Event ကို Intreset or Go ပြုလုပ်ပေးရမှာဖြစ်ပြီး Commentမှာ နာမည်နဲ့ ဖုန်းနံပါတ်ကို ရေးပေးရမှာဖြစ်ပါတယ်။ တက်ရောက်နားထောင်သူ လူ (၃၀၀) ကိုလည်း နေ့လည်စာ ခေါက်ဆွဲကြော်၊အအေးတို့ဖြင့် ဧည့်ခံကျွေးမွေးသွားမှာဖြစ်ပါတယ်။ ကန့်သတ်အရေအတွက် ပြည့်သွားတာနဲ့ တက်ရောက်ခွင့်ရတဲ့လူတွေကို message မှဖြစ်စေ ဖုန်းဖြင့်ဖြစ်စေ ဆက်သွယ်အကြောင်းကြား ပေးသွားမှာဖြစ်ပါတယ်။

ပါဝင်ဟောပြောမည့် ဆရာတွေက ဆရာဝေဖြိုး၊ ဆရာနိုင်လင်းခွန်၊ ဆရာသန်းတိုးအောင်၊ ဆရာကိုမျိုးမီတူး၊ ဆရာဖြိုးညီညီ၊ ဆရာမျိုးကိုကိုဇော်၊ ဆရာ leo ဖြိုး၊ဆရာစည်သူစိုး၊ ဆရာအောင်သူရ၊SERVICE MASTER၊ ဆရာဇော်ဝင်းထွဋ် တို့ဖြစ်တယ်လို့ သိရပါတယ်။

-ကောင်းမြတ်ထွန်း