Ansible Automates နဲ့ပတ်သက်ပြီး knowledge Sharing ပြုလုပ်

Linux Lab Myanmar နဲ့ Red Hat တို့ပူးပေါင်းပြီး Ansible Automates နဲ့ပတ်သက်တဲ့ knowledge Sharing အခမ်းအနားကို ဇူလိုင် ၂၆ ရက်က MICT Park မှာ ပြုလုပ်ကျင်းပခဲ့ပါတယ်။

Knowledge Sharing ကို Red Hat မှ တာဝန်ရှိသူတွေလာရောက်ရှင်းလင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

“ အခမ်းအနားတက်ရောက်လာတဲ့ သူတွေကို လက်တွေ့တစ်ခါတည်း ပါဝင်စေပြီးပြုလုပ်စေခဲ့သလို Red Hat နဲ့ပတ်သက်ပြီး လုပ်ငန်းခွင်ဝင်နေတဲ့ ဘဏ်လုပ်ငန်း၊ Telecom က ဝန်ထမ်းတွေ၊ internet service providers တွေ၊ အိုင်တီမှာ run နေတဲ့သူတွေ၊ အလုပ်တွေကို ပိုပြီးလွယ်ကူအောင်လုပ်မယ်၊ ပြီးတော့အမှားနည်းအောင် ဘယ်လိုလုပ်မလဲဆိုတာ၊ မလိုလားအပ်တဲ့ system downtime တွေတွေ့ကြုံရတာတွေရတာတွေ အဲတာတွေအတွက် အခုလို knowledge sharing ပြုလုပ်တာဖြစ်ပါတယ်။ အဓိက ကတော့ ကိုယ် management လုပ်နေတဲ့ အလုပ်တွေ၊ စနစ်တွေကိုဘယ်လိုကောင်းမွန်အောင် Automate လုပ်မလဲ လူကနေ၊ စက်ကို Command ပေးထားပြီးတော့ ဒီထက်ပိုအရေးကြီးတဲ့ အလုပ်တွေကို ကောင်းမွန်အောင် ဘယ်လိုလုပ်မလဲဆိုတာကို ရည်ရွယ်ပြီး ပြု လုပ်တာဖြစ်ပါတယ်လို့” Linux Lab Myanmar မှတာဝန်ရှိသူတဦးကပြောပါတယ်။