Animal Crossing: New Horizons ဂိမ်းကြောင့် အမြတ်ငွေ ၅ ဆအထိ ရရှိခဲ့တဲ့ Nintendo

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ကုမ္ပဏီအများစုဟာ ဝင်ငွေထိခိုက်ခဲ့ကြပေမယ့် ဒီဂျစ်တယ် ဒါမှမဟုတ် အင်တာနက်အခြေစိုက် ကုမ္ပဏီတွေကတော့ အမြတ်ငွေများစွာ ရရှိခဲ့ပါတယ်။

နာမည်ကျော်ဂိမ်းထုတ်လုပ်သူ Nintendo ကလည်း သုံးလပတ် အမြတ်ငွေက နှစ်တိုးနှုန်းနဲ့ ၄၂၈ ရာခိုင်နှုန်း အထိ တိုးတက်လာပါတယ်။ Nintendo ဟာ ဧပြီ-ဇွန် သုံးလပတ်အတွင်း အမေရိကန်ဒေါ်လာ ၁.၄ ဘီလျံ အထိ အမြတ်ငွေ ရရှိခဲ့ကာ ခန့်မှန်းမှုတွေကို ကျော်ဖြတ်ပြပါတယ်။ Animal Crossing: New Horizons ဂိမ်းအသစ်ကြောင့် အခုလို အမြတ်ငွေရရှိခဲ့တာပါ။ Nintendo Switch ဂိမ်းစက်ရောင်းချမှု မြင့်တက်လာတာကြောင့် ဂိမ်းကိုလည်း တိုက်ရိုက်ဖြန့်ချိနိုင်တာပါ။

ဂျပန်ကုမ္ပဏီကြီးတွေဖြစ်တဲ့ Sony ကလည်း PlayStation ဂိမ်းစက်တွေကြောင့် အပြုသဘောဆောင်တဲ့ ရလဒ်တွေ ရရှိခဲ့ပါသေးတယ်။

-စိုးထက်
Ref: GadgetMatch