Android Wear စမတ်နာရီသစ်နှစ်မျိုး မိတ်ဆက်လိုက်တဲ့ Fossil
[ Zawgyi ]
[foogallery id=”90060″]
Fossil Q Explorist 4th generation
[foogallery id=”90070″]
Fossil Q Venture 4th generation
Ref: GSMArena
[ Unicode ]
Fossil ဟာ စတုတ္ထမျိုးဆက် Android Wear စမတ်နာရီသစ် နှစ်မျိုးကို မိတ်ဆက်ကြေညာခဲ့ပါတယ်။ အဆိုပါ Fossil Q Venture HR နဲ့ Q Explorist HR စမတ်နာရီသစ်နှစ်မျိုးအတွက် ကြိုတင်အမှာစာတွေ လက်ခံနေပြီး သြဂုတ် ၂၆ ရက်မှာ တင်ပို့ရောင်းချသွားမှာ ဖြစ်ပါတယ်။
ဒီစမတ်နာရီသစ် နှစ်မျိုးရဲ့ အဓိကခြားနားချက်က အရွယ်အစားပဲ ဖြစ်ပါတယ်။ Explorist ရဲ့ အချင်းက ၄၅ မီလီမီတာဖြစ်ပြီး Venture ကတော့ ၄၀ မီလီမီတာ ဖြစ်ပါတယ်။ ဒါကြောင့် လက်ပတ်ကြိုးကလည်း ကွာခြားပြီး ၂၂ မီလီမီတာနဲ့ ၁၈ မီလီမီတာ အသီးသီးရှိပါတယ်။ ဒါပေမဲ့ စျေးနှုန်းကတူညီပြီး သားရေလက်ပတ်ကြိုးအတွက် ၂၅၅ ဒေါ်လာဖြစ်ပါတယ်။ စတီးလက်ပတ်ကြိုးအတွက်က ၂၇၅ ဒေါ်လာဖြစ်ပါတယ်။
ဒီနာရီ နှစ်မျိုးစလုံးမှာ နှလုံးခုန်နှုန်းတိုင်းတာပေးမယ့် sensor တွေနဲ့ built-in GPS receiver တွေပါဝင်ပါတယ်။ ရေစိုခံအဆင့်က 3ATM ဖြစ်ပါတယ်။ NFC ပါဝင်တဲ့အတွက်ကြောင့် ဒီနာရီသစ်တွေက Google Pay ကိုလည်း ထောက်ပံ့ပေးနိုင်ပါတယ်။
Built-in storage က 4GB ဖြစ်ပါတယ်။ Bluetooth 4.1 Low Energy နဲ့ Wi-Fi b/g/n တို့ပါဝင်ပြီး ဘက်ထရီကို တစ်နေကုန် အသုုံးပြုနိုင်တယ်လို့ သိရပါတယ်။
Ref: GSMArena