Android P ရဲ႕ နာမည္ကို တရားဝင္ထုတ္ျပန္လိုက္တဲ့ Google

[ Zawgyi ]

ၾသဂုတ္လ ၁ ရက္ (တနလၤာေန႔) က Google ဟာ Android P ေနာက္ဆုံးေပၚဗားရွင္းကို ထုတ္ေဖာ္မိတ္ဆက္ခဲ့သလို နာမည္ အျပည့္အစုံကုိလည္း ထုတ္ျပန္သြားခဲ့ပါတယ္။ အဆိုပါ Android 9 Pie ကို Pixel ဖုန္းပိုင္ဆုိင္သူေတြက download လုပ္ႏိုင္ၿပီး App Actions, Adaptive Battery စတဲ့ feature ေတြကို အသုံးျပဳႏိုင္ပါၿပီ။

Google ဟာ Android Pie ကို ႏွစ္စဥ္က်င္းပျပဳလုပ္တဲ့ developer ကြန္ဖရင့္မွာ ထုတ္ေဖာ္မိတ္ဆက္ခဲ့ၿပီး လအနည္းငယ္အၾကာမွာ ျဖန္႔ခ်ိလိုက္တာျဖစ္ပါတယ္။ Android Pie မွာ အဆင့္ျမႇင့္တင္မႈနဲ႔ အေျပာင္းအလဲေတြ ပါဝင္လာပါတယ္။ Android Pie ရဲ႕အႀကီးမားဆုံး feature ေတြထဲက တစ္ခုကေတာ့ သုံးစြဲသူေတြရဲ႕ ဖုန္းအသုံးျပဳမႈကို ေလွ်ာ႔ခ်ေပးမယ့္ feature ျဖစ္ပါတယ္။ အဲဒီ feature မွာ app ေတြရဲ႕သုံးစြဲမႈကို ကန္႔သတ္ႏိုင္မယ့္ Dashboard နဲ႔ App Time function ပါဝင္လာပါတယ္။

Google ရဲ႕ Digital Wellbeing ကိုေတာ့ ျဖန္႔ခ်ိဦးမွာ မဟုတ္ေသးဘူးလို႔ ဆိုပါတယ္။ အဲဒီ feature ကုိ ႏွစ္ကုန္ပုိင္းေလာက္မွာ Pixel ထုတ္ကုန္ေတြအတြက္ ျဖန္႔ခ်ိသြားမယ္လုိ႔ သိရပါတယ္။ Digital Wellbeing ကို စမ္းသပ္ေနတာဟာ beta အဆင့္ရွိၿပီျဖစ္တာေၾကာင့္ အသုံးျပဳခ်င္တယ္ဆိုရင္ေတာ့ မွတ္ပံုတင္ဖို႔ လိုအပ္ပါတယ္။

ဒါ့အျပင္ app ေတြနဲ႔ပတ္သက္တဲ့ သက္ဆုိင္ရာ သတင္းအခ်က္အလက္ေတြ ေဖာ္ျပေပးမယ့္ Slices ကုိလည္း ဒီႏွစ္ကုန္ပုိင္းမွပဲ ျဖန္႔ခ်ိသြားမယ္လို႔ Google ကေျပာပါတယ္။

Pixel ထုတ္ကုန္ပုိင္ဆုိင္သူေတြအေနနဲ႔ Android Pie ကုိ download ျပဳလုပ္ႏိုင္ၿပီ ျဖစ္ေပမယ့္ အျခား Android ထုတ္ကုန္ေတြအတြက္ေတာ့ ေနာက္ပုိင္းမွပဲ ျဖန္႔ခ်ိေပးမယ္လို႔ သိရပါတယ္။ Google ဟာ အျခားထုတ္ကုန္ေတြဆီ software ျဖန္႔ခ်ိရာမွာ နာမည္ဆုိးနဲ႔ေက်ာ္ၾကားပါတယ္။ ဒါေပမဲ့ Google က ဒီႏွစ္အေစာပုိင္းမွာ Android P beta ကို Pixel ထုတ္ကုန္မဟုတ္တဲ့ OnePlus 6 နဲ႔ Essential Phone တို႔မွာ ျဖန္႔ခ်ိခဲ့ပါတယ္။

Google ရဲ႕ beta program မွာပါဝင္တဲ့ ထုတ္ကုန္ေတြအေနနဲ႔ လအနည္းငယ္အတြင္း Android Pie ကို ရရွိမွာျဖစ္တယ္လုိ႔ ကုမၸဏီက ေျပာၾကားခဲ့ပါတယ္။

စိုးထက္
Ref: TechnoBuffalo

[ Unicode ]

သြဂုတ်လ ၁ ရက် (တနင်္လာနေ့) က Google ဟာ Android P နောက်ဆုံးပေါ်ဗားရှင်းကို ထုတ်ဖော်မိတ်ဆက်ခဲ့သလို နာမည် အပြည့်အစုံကိုလည်း ထုတ်ပြန်သွားခဲ့ပါတယ်။ အဆိုပါ Android 9 Pie ကို Pixel ဖုန်းပိုင်ဆိုင်သူတွေက download လုပ်နိုင်ပြီး App Actions, Adaptive Battery စတဲ့ feature တွေကို အသုံးပြုနိုင်ပါပြီ။

Google ဟာ Android Pie ကို နှစ်စဉ်ကျင်းပပြုလုပ်တဲ့ developer ကွန်ဖရင့်မှာ ထုတ်ဖော်မိတ်ဆက်ခဲ့ပြီး လအနည်းငယ်အကြာမှာ ဖြန့်ချိလိုက်တာဖြစ်ပါတယ်။ Android Pie မှာ အဆင့်မြှင့်တင်မှုနဲ့ အပြောင်းအလဲတွေ ပါဝင်လာပါတယ်။ Android Pie ရဲ့အကြီးမားဆုံး feature တွေထဲက တစ်ခုကတော့ သုံးစွဲသူတွေရဲ့ ဖုန်းအသုံးပြုမှုကို လျှော့ချပေးမယ့် feature ဖြစ်ပါတယ်။ အဲဒီ feature မှာ app တွေရဲ့သုံးစွဲမှုကို ကန့်သတ်နိုင်မယ့် Dashboard နဲ့ App Time function ပါဝင်လာပါတယ်။

Google ရဲ့ Digital Wellbeing ကိုတော့ ဖြန့်ချိဦးမှာ မဟုတ်သေးဘူးလို့ ဆိုပါတယ်။ အဲဒီ feature ကို နှစ်ကုန်ပိုင်းလောက်မှာ Pixel ထုတ်ကုန်တွေအတွက် ဖြန့်ချိသွားမယ်လို့ သိရပါတယ်။ Digital Wellbeing ကို စမ်းသပ်နေတာဟာ beta အဆင့်ရှိပြီဖြစ်တာကြောင့် အသုံးပြုချင်တယ်ဆိုရင်တော့ မှတ်ပုံတင်ဖို့ လိုအပ်ပါတယ်။

ဒါ့အပြင် app တွေနဲ့ပတ်သက်တဲ့ သက်ဆိုင်ရာ သတင်းအချက်အလက်တွေ ဖော်ပြပေးမယ့် Slices ကိုလည်း ဒီနှစ်ကုန်ပိုင်းမှပဲ ဖြန့်ချိသွားမယ်လို့ Google ကပြောပါတယ်။

Pixel ထုတ်ကုန်ပိုင်ဆိုင်သူတွေအနေနဲ့ Android Pie ကို download ပြုလုပ်နိုင်ပြီ ဖြစ်ပေမယ့် အခြား Android ထုတ်ကုန်တွေအတွက်တော့ နောက်ပိုင်းမှပဲ ဖြန့်ချိပေးမယ်လို့ သိရပါတယ်။ Google ဟာ အခြားထုတ်ကုန်တွေဆီ software ဖြန့်ချိရာမှာ နာမည်ဆိုးနဲ့ကျော်ကြားပါတယ်။ ဒါပေမဲ့ Google က ဒီနှစ်အစောပိုင်းမှာ Android P beta ကို Pixel ထုတ်ကုန်မဟုတ်တဲ့ OnePlus 6 နဲ့ Essential Phone တို့မှာ ဖြန့်ချိခဲ့ပါတယ်။

Google ရဲ့ beta program မှာပါဝင်တဲ့ ထုတ်ကုန်တွေအနေနဲ့ လအနည်းငယ်အတွင်း Android Pie ကို ရရှိမှာဖြစ်တယ်လို့ ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။

Ref: TechnoBuffalo