Android P ကုိ ၾသဂုတ္ ၂၀ တြင္ မိတ္ဆက္ဖြယ္ရိွ

[ Zawgyi ]

သတင္းေတြကုိ တိက်မွန္ကန္စြာ ႀကိဳတင္ခန္႔မွန္း ေဖာ္ျပေပးေနတဲ့ Evan Blass (@EVLeaks) ဟာ ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ ၂၀ ရက္စြဲေပၚမွာ “P” လိုဂို ထည့္သြင္းထားတဲ့ ျပကၡဒိန္ဓာတ္ပုံကို twitter မွာ ေဝမွ်ခဲ့ပါတယ္။ ဒါေၾကာင့္ ေကာလာဟလသတင္းေတြ ထြက္ရွိေနတဲ့ Android P ဟာ ၾသဂုတ္လ ၂၀ ရက္မွာ ထြက္ရွိလာႏိုင္ပါတယ္။

Evan Blass ရဲ႕သတင္းအခ်က္အလက္ အမ်ားစုက မွန္ကန္ေလ့ရွိပါတယ္။ ဒါ့အျပင္ Google ဟာ Android 8.0 Oreo ကို ၂၀၁၇ ခုႏွစ္၊ ၾသဂုတ္လ ၂၁ ရက္မွာ ကနဦးျဖန္႔ခ်ိခဲ့တာျဖစ္တဲ့အတြက္ Android P ထြက္ရွိမယ့္ရက္ဟာ ျဖစ္ႏိုင္ေျခရိွပါတယ္။

ဒါေပမဲ့လည္း အခုသတင္းအခ်က္အလက္ဟာ Android P ျဖန္႔ခ်ိမယ့္ တရားဝင္ထုတ္ျပန္ခ်က္ မဟုတ္တဲ့အတြက္ ေကာလာဟ သတင္းအဆင့္မွာ ထားရွိရဦးမွာ ျဖစ္ပါတယ္။

Android P ဟာ ကမ႓ာေပၚက ေရပန္းအစားဆံုး မိုဘုိင္း operating system ရဲ႕၉ ခုေျမာက္ ဗားရွင္းျဖစ္ပါတယ္။ ဒါေပမဲ့ Android 9.0 က P ရဲ႕ တရားဝင္အမည္က ဘာျဖစ္မလဲဆိုတာေတာ့ မသိရေသးပါဘူး။ ဒါေပမဲ့ Android P အမည္ျဖစ္လာဖို႔ ေရပန္းအစားဆုံး နာမည္ေတြကေတာ့ Peppermint, Popsicle, Pancake နဲ႔ Pie တို႔ပဲ ျဖစ္ပါတယ္။

အျခား Android ဗားရွင္းနဲ႔မတူတာက Google ဟာ Android 9.0 အတြက္ beta စမ္းသပ္မႈကို OnePlus 6, Essential Phone နဲ႔ Sony Xperia XZ2 လိုမ်ိဳး Pixel/Nexus မဟုတ္တဲ့ ဖုန္းေတြမွာ ျပဳလုပ္ထားခဲ့ပါတယ္။

စိုးထက္
Ref: AndroidAuthority

[ Unicode ]

သတင်းတွေကို တိကျမှန်ကန်စွာ ကြိုတင်ခန့်မှန်း ဖော်ပြပေးနေတဲ့ Evan Blass (@EVLeaks) ဟာ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၂၀ ရက်စွဲပေါ်မှာ “P” လိုဂို ထည့်သွင်းထားတဲ့ ပြက္ခဒိန်ဓာတ်ပုံကို twitter မှာ ဝေမျှခဲ့ပါတယ်။ ဒါကြောင့် ကောလာဟလသတင်းတွေ ထွက်ရှိနေတဲ့ Android P ဟာ သြဂုတ်လ ၂၀ ရက်မှာ ထွက်ရှိလာနိုင်ပါတယ်။

Evan Blass ရဲ့သတင်းအချက်အလက် အများစုက မှန်ကန်လေ့ရှိပါတယ်။ ဒါ့အပြင် Google ဟာ Android 8.0 Oreo ကို ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်မှာ ကနဦးဖြန့်ချိခဲ့တာဖြစ်တဲ့အတွက် Android P ထွက်ရှိမယ့်ရက်ဟာ ဖြစ်နိုင်ခြေရှိပါတယ်။

ဒါပေမဲ့လည်း အခုသတင်းအချက်အလက်ဟာ Android P ဖြန့်ချိမယ့် တရားဝင်ထုတ်ပြန်ချက် မဟုတ်တဲ့အတွက် ကောလာဟ သတင်းအဆင့်မှာ ထားရှိရဦးမှာ ဖြစ်ပါတယ်။

Android P ဟာ ကမ႓ာပေါ်က ရေပန်းအစားဆုံး မိုဘိုင်း operating system ရဲ့၉ ခုမြောက် ဗားရှင်းဖြစ်ပါတယ်။ ဒါပေမဲ့ Android 9.0 က P ရဲ့ တရားဝင်အမည်က ဘာဖြစ်မလဲဆိုတာတော့ မသိရသေးပါဘူး။ ဒါပေမဲ့ Android P အမည်ဖြစ်လာဖို့ ရေပန်းအစားဆုံး နာမည်တွေကတော့ Peppermint, Popsicle, Pancake နဲ့ Pie တို့ပဲ ဖြစ်ပါတယ်။

အခြား Android ဗားရှင်းနဲ့မတူတာက Google ဟာ Android 9.0 အတွက် beta စမ်းသပ်မှုကို OnePlus 6, Essential Phone နဲ့ Sony Xperia XZ2 လိုမျိုး Pixel/Nexus မဟုတ်တဲ့ ဖုန်းတွေမှာ ပြုလုပ်ထားခဲ့ပါတယ်။

Ref: AndroidAuthority