Android OS နဲ့ Windows ကို dual boot ဘယ်လိုသုံးမလဲ

Android OS ကို ကွန်ပျူတာပေါ်မှာ အသုံးပြုနိုင်တဲ့ နည်းလမ်းများစွာ ရှိပါတယ်။ အရင်ကဆိုရင် BlueStacks, Andy, DuOS, droid4x အစရှိတဲ့ Android Emulator ဆော့ဖ်ဝဲတွေကို အသုံးပြုပြီး ကွန်ပျူတာပေါ်မှာ Android OS ကို အသုံးပြုကြပါတယ်။ အခုဖော်ပြမယ့် နည်းလမ်းကတော့ USB Drive ကို အသုံးပြုပြီး Android OS ကို Dual Boot အနေနဲ့ အသုံးပြုနိုင်မယ့် နည်းလမ်းဖြစ်ပါတယ်။

USB drive ကို အသုံးပြုပြီး Android OS ကို ကွန်ပျူတာပေါ်မှာ dual Boot အနေနဲ့အသုံးပြုမယ်ဆိုရင် Android OS 6.0 ရဲ့ ISO ဖိုင်နဲ့ USB drive ကို bootable ပြုလုပ်ပေးနိုင်မယ့် Rufus ဆိုတဲ့ Installer ဆော့ဖ်ဝဲတို့ လိုအပ်ပါတယ်။ USB drive ကလည်း အနိမ့်ဆုံး 2GB ပမာဏ သိမ်းဆည်းနိုင်တဲ့ drive ဖြစ်ရပါမယ်။ Android OS 6.0 ISO ဖိုင်ကို ဒီနေရာကနေ ရယူနိုင်ပါတယ်။ Download ပြုလုပ်ရမယ့် ဖိုင်နာမည်က android -x86 6.0 ပါ။

ကိုယ့်ရဲ့ကွန်ပျူတာက 64 bit ဆိုရင် 64 bit version ကို အသုံးပြု နိုင်ပါတယ်။ Rufus ဆော့ဖ်ဝဲကို ရယူဖို့အတွက် ဒီနေရာကနေ download လုပ်နိုင်ပါတယ်။

Rufus ဆော့ဖ်ဝဲကို download လုပ်ပြီးပြီဆိုရင် run လိုက်ပါ။

Device ဆိုတဲ့နေရာမှာ ကိုယ့်ရဲ့ USB Stick ကို ရွေးပေးရပါမယ်။

ပြီးရင် File System အတွက် Large FAT32 (Default) ဆိုတာကို ရွေးပေးလိုက်ပါ။

USB drive ကို bootable ပြုလုပ်ဖို့အတွက် Create a bootable disk using ဆိုတဲ့နေရာကို အမှန်ခြစ်ထည့်သွင်းပြီး အနောက်မှာ ISO ဆိုတာကိုရွေးချယ်ပေးရပါမယ်။

ISO ဖိုင်ကို ထည့်သွင်းဖို့အတွက် CD drive icon ကို နှိပ်ပြီး download လုပ်ထားတဲ့ Android 6.0 ISO ဖိုင်ရှိတဲ့ လမ်းကြောင်းကို ရွေးပေးရပါမယ်။

ပြီးရင် Start ဆိုတဲ့ ခလုတ်ကိုနှိပ်ပြီး USB drive ကို Android OS အတွက် bootable stick စတင်ပြုလုပ် ရပါမယ်။

ISOHybrid ဆိုတဲ့ dialog box တက်လာရင် Write ISO Image mode ဆိုတာကို ရွေးချယ်ပြီး OK ခလုတ်ကို နှိပ်ပါ။

USB stick ထဲက data တွေ ပျက်စီးနိုင်မယ်ဆိုတဲ့ သတိပေးချက်ကိုတွေ့ရင် OK ကိုနှိပ်ပြီး လုပ်ငန်းကို ဆက်လက်လုပ်ဆောင် ရပါမယ်။

နောက်တစ်ဆင့်ကတော့ Boot တက်မှာဖြစ်တဲ့အတွက် ကွန်ပျူတာကို restart ပြုလုပ်ပါ။ First boot device မှာ boot ပြုလုပ်ထားတဲ့ USB drive ကိုရွေးချယ် ပေးရပါမယ်။

Boot တက်လာပြီဆိုရင် Live CD – Run Android -x86 without installation ဆိုတာကို ရွေးချယ်ပြီး Android OS ကို ကွန်ပျူတာပေါ်မှာ စတင် အသုံးပြုနိုင်ပါတယ်။ ဒါကတော့ Android OS ကို ကွန်ပျူတာပေါ်မှာ Live အနေနဲ့ install မလုပ်ဘဲ သုံးစွဲတဲ့အဆင့် ဖြစ်ပါတယ်။

တကယ်လို့ ကွန်ပျူတာထဲမှာ Dual boot အနေနဲ့ ထည့်သွင်းချင်တယ် ဆိုရင်တော့ Installation – Install Android-x86 to hard disk ဆိုတာကို ရွေးချယ်ရပါမယ်။

Live CD အနေနဲ့ အသုံးပြုမယ်ဆိုပြီး ရွေးပြီးသွားရင် ခဏစောင့်လိုက်ပါ။ Android 6.0 ရဲ့ logged screen ပေါ်လာပါလိမ့်မယ်။

အဲ့ဒီနောက် Sign in နေရာမှာ ကိုယ့်ရဲ့ google account user name နဲ့ password ကို ထည့်သွင်းပြီး login ပြုလုပ်ရုံနဲ့ Android 6.0 ကို ကွန်ပျူတာပေါ်မှာ စတင်သုံးစွဲနိုင်ပါပြီ။

Ref: howtogeek