Android One နဲ့ ဘက်ထရီသက်တမ်း နှစ်ရက်အထိ သုံးစွဲနိုင်တဲ့ Nokia 2.3

Nokia အနေနဲ့ နောက်ဆုံးပေါ် Android One ဘတ်ဂျက်စမတ်ဖုန်း Nokia 2.3 ကိုမိတ်ဆက်ခဲ့ပြီး ၁၀၉ ယူရိုနဲ့ ရောင်းချမယ်လို့ သိရပါတယ်။

Nokia 2.3 ကို ရိုးရှင်းတဲ့ပိုလီမာနဲ့ ဖန်တီးထားတာ ဖြစ်ပါတယ်။ Nokia 2.3 ရှေ့ဘက်မှာ ၆.၂ လက်မ မျက်နှာပြင်၊ display 720p နဲ့ဘေးဘောင်ကလည်း သေးငယ်ပါတယ်။ ဖုန်းမှာ Google Assistant အတွက် ခလုတ်ကိုထည့်သွင်းထားပါတယ်။ ဖုန်းကျောဘက်မှာ 3D နာနိုအထိအတွေ့နဲ့ ကိုင်တွယ်တဲ့အခါ လက်မြဲနိုင်ဖို့ pattern ကိုထည့်သွင်းထားပါတယ်။ ဖုန်းကို အစိမ်း၊ အညိုနဲ့ မီးခိုးရောင်ဆိုပြီး ထုတ်လုပ်ထားပါတယ်။

Nokia 2.3 မှာ memory 2GB နဲ့ တိုးချဲ့နိုင်တဲ့ storage 32GB အပြင် MediaTekHelio A22 chipset ကို အသုံးပြုထားပါတယ်။ ဖုန်းမှာ dual SIM, Wi-Fi 802.11n, Bluetooth 5.0, microUSB, FM radio နဲ့နားကြပ်ပေါက်တို့ပါဝင်လာပါတယ်။ ဖုန်းကျောဘက်မှာ ကင်မရာစနစ် ၂ လုံးပါဝင်ပြီး အဓိက ကင်မရာ 13MP f/2.2 နဲ့ 2MP depth sensor လည်းပါဝင်လာပါတယ်။ ရှေ့ဘက်မှာ 5MP f/2.4 ကင်မရာပါဝင်သလို face unlock နဲ့ထောက်ပံ့ထားပါတယ်။

Nokia 2.3 ဟာ အခြား Nokia Android ဖုန်းတွေလိုပဲ Android One ဖြစ်ပါတယ်။ Nokia ထုတ်ကုန်တွေဟာ လစဉ်လုံခြုံရေး update တွေကို ၃ နှစ်နဲ့ Android update တွေကို ၂ နှစ်ရရှိမှာ ဖြစ်ပါတယ်။ Nokia 2.3 မှာ Android 10 မဟုတ်ဘဲ Android 9 ကိုအသုံးပြုထားပါတယ်။

စိုးထက်
Ref: GSMArena