Android Messages အတွက် web interface ကို ဖြန့်ချိလိုက်တဲ့ Google





-နောင်နောင်
Ref: TheVerge

ကွန်ပျူတာပေါ်ကနေ message ပေးပို့တာနဲ့ Android စမတ်ဖုန်းပေါ်မှာ လက်ခံရရှိတဲ့ message တွေကို ဖတ်ရှုတာကို ပြုလုပ်နိုင်စေရန်အတွက် Android Message ရဲ့ desktop browser အထောက်အပံ့ကို Google က စတင်ဖြန့်လိုက်ပါတယ်။

ဒီ feature ကို သုံးစွဲသူများထံ ဒီကနေ့မှစပြီး ဖြန့်ချိပေးသွားမှာဖြစ်တယ်လို့ Google က ပြောကြားခဲ့ပါတယ်။ Android Messages ဝက်ဘ်ဗားရှင်းမှာ text, images နဲ့ stickers တို့ကို ထောက်ပံ့ပေးထားပါတယ်။

Android Messages ဝက်ဘ်ဗားရှင်းကို စတင်အသုံးပြုဖို့အတွက် Android Messages website ပေါ်က QR code တစ်ခုကို Android Messages mobile app နဲ့ scan လုပ်ရမှာဖြစ်ပါတယ်။

လက်ရှိမှာတော့ Messages app မှာ “Messages for web” section ကို တွေ့ရဦးမှာ မဟုတ်ပါဘူး။ အဲ့ဒီ section ပေါ်လာပြီဆိုရင်တော့ ပလက်ဖောင်းအသီးသီးပေါ်ကနေ စကားပြောဆိုမှုတွေ စတင်ပြုလုပ်နိုင်ပါပြီ။

-နောင်နောင်
Ref: TheVerge