Android Message အတွက် လုံခြုံတဲ့နည်းပညာကို Google စမ်းသပ်

Google ဟာ SMS နေရာမှာ Rich Communication Service စာပို့စနစ် စံချိန်စံညွှန်းအတွက် end-to-end encryption ကိုထည့်သွင်းလိုက်ပါတယ်။

RCS လို့အမည်ရတဲ့ နည်းပညာက ရှေးကျနေပြီဖြစ်တဲ့ SMS နေရာအစားထိုးသွားပါမယ်။ အဲဒီ နည်းပညာမှာ စာရိုက်နေကြောင်း ပြတဲ့ ညွှန်းကိန်း၊ တည်နေရာဝေမျှမှု၊ ပိုမိုရှည်လျားတဲ့ မက်ဆေ့ချ်နဲ့ မီဒီယာထောက်ပံ့မှုကောင်းကောင်းတွေ ပါလာပါမယ်။ Wi-Fi အသုံးပြုပြီး အရည်အသွေးမြင့် ဗီဒီယိုနဲ့ ဓာတ်ပုံတွေ ပေးပို့နိုင်ပါတယ်။

ဆက်သွယ်ရေးကုမ္ပဏီတွေကတော့ RCS ကိုတော့ စိတ်ဝင်စားပုံ မရပါဘူး။ ဒါကြောင့် Google က ကန့်သတ်အရေအတွက်နဲ့ပဲ ထောက်ပံ့ပေးပါသေးတယ်။

-စိုးထက်
Ref: Wired

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««