Android, iOS နဲ့ Fire TV အတွက် အခမဲ့တေးဂီတဝန်ဆောင်မှုကို Amazon တိုးချဲ့

Amazon ဟာ ကြော်ငြာပါဝင်တဲ့ အခမဲ့ တေးဂီတဝန်ဆောင်မှုကို Alexa သာမကဘဲ Android, iOS နဲ့ Fire TV အတွက် ထောက်ပံ့ပေးလိုက်ပါတယ်။

Amazon Music app ကို အမေရိကန်၊ ယူကေနဲ့ ဂျာမနီအတွက် ဖြန့်ချိထားပါတယ်။ Amazon Music ကို အသုံးပြုမယ့်သူ အနေနဲ့ playlist တွေနဲ့ station တွေကို အဆိုတော်၊ ခေတ်၊ ဂီတအမျိုးအစားနဲ့ သီချင်းအပေါ်မူတည်ပြီး အကန့်အသတ်နဲ့ နားထောင်ပါမယ်။ ဒါကြောင့် နောက်ဆုံးပေါ် ရပ်ပ်သီချင်း ဒါမှမဟုတ် အားလပ်ရက်သီချင်းတွေကိုတော့ မြင်တွေ့ရနည်းသွားမှာ ဖြစ်ပါတယ်။

Amazon အနေနဲ့ Music app ကို ကနဦးမိတ်ဆက်မှုမှာ ဝန်ဆောင်မှုကို လူများစွာ အသုံးပြုနိုင်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့် အခမဲ့ ဝန်ဆောင်မှုကို နှစ်သက်သူတွေက ကြော်ငြာကို ငြီးငွေ့လာတဲ့အခါ Prime membership ဒါမှမဟုတ် Muic Unlimited လစဉ်ကြေးဝန်ဆောင်မှုကို ပေးချေဖို့ စိတ်ဝင်စားလာပါလိမ့်မယ်။

စိုးထက်
Ref: Engadget