Android app တွေဆီက ဝင်ငွေ ၃၀ ရာခိုင်နှုန်းရယူမယ့် Google

Google ဟာ Apple လိုမျိုး App Store ပေါ်လစီတစ်ရပ်ကို သတ်မှတ်လိုက်ပါပြီ။ Google ဟာ Play Store အတွင်းက အခပေး app တွေဆီကနေ ဝင်ငွေ ၃၀ ရာခိုင်နှုန်း ရယူမယ်လို့ ပြောလိုက်ပါတယ်။

၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်မှာ Google Play ပေါ်က app တွေမှာ Google ငွေပေးချေမှုစနစ် ပေါင်းစပ်အသုံးပြုတဲ့ developer တွေဆီကနေ ငွေကြေးကောက်ခံမယ်လို့ Android Developers ဘလော့က ဖော်ပြထားပါတယ်။ ဒါကြောင့် developer တွေဟာ လာမယ့်နှစ် မတိုင်ခင်အထိ Google ဆီ ၃၀ ရာခိုင်နှုန်း မပေးဘဲ ဖောက်သည်ဆီက ငွေပေးချေမှုကို တိုက်ရိုက်ယူနိုင်ပါတယ်။

Google က ငွေပေးချေမှု ၃၀ ရာခိုင်နှုန်း ယူမယ့်အချိန်မှာ Android 12 ထွက်ရှိနိုင်ပါတယ်။ Android 12 ဟာ third-party app store တွေပေါ်မှာ developer တွေက app အလွယ်တကူ တင်နိုင်အောင် ပြုလုပ်ပေးဖွယ် ရှိပါတယ်။

-စိုးထက်
Ref: Gizmodo

»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««