Android app တွေခြေရာခံတာနဲ့ အချက်အလက်စုဆောင်းမှု ကန့်သတ်မယ့် Google

လာမယ့်လအတွင်း Apple ဟာ app developer တွေကို ခြေရာခံအကြောင်းအရာတွေ ဖော်ပြရမယ့် လိုအပ်ချက်ကို ထုတ်ပြန်ခဲ့ပါတယ်။ အခုဆိုရင်လည်း Google ကတော့ Android အတွက် အလားတူ တစ်ကိုယ်ရေလုံခြုံရေး အချက်အလက် ထိန်းသိမ်းရေး စဉ်းစားနေပါတယ်။

Bloomberg ဖော်ပြချက်အရ Google ဟာ Apple ကုမ္ပဏီရဲ့ ခြေရာခံခြင်း တန်ပြန်တဲ့ လုပ်ဆောင်ချက်အသစ်ကို စူးစမ်းနေပါတယ်။ Google အနေနဲ့ သုံးစွဲသူတွေက တစ်ကိုယ်ရေအချက်အလက်နဲ့ ပတ်သက်ပြီး သတိရှိလာတာနဲ့ အချက်အလက်စုဆောင်းမှုနဲ့ app တွေအကြား ခြေရာခံတာ လေ့လာနေကြပါတယ်။ Google က operating system ရှုထောင့်နဲ့ လုပ်ကိုင်နိုင်စွမ်းအပေါ် Apple နဲ့ယှဉ်ပြိုင်သွားပါမယ်။

Android အဖွဲ့ကတော့ Google ကြော်ငြာလုပ်ငန်းနဲ့ ချိန်ညှိဖို့လိုပါမယ်။ Google ဟာ အချက်အလက် စုဆောင်းမှုကို ကန့်သတ်မှုက Apple ထက်ပြေလျော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

-စိုးထက်
Ref: 9to5Google

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««