Android 11 developer preview ကို Google ဖြန့်ချိ

Google ဟာ မတ်လအတွင်း Android ဗားရှင်းသစ် developer preview ကိုဖြန့်ချိနေကျဖြစ်ပါတယ်။ ဒီနှစ်မှာတော့ Google က Pixel ဖုန်းတွေအတွက် Android 11 ပထမဆုံး developer preview ကိုစောစီးစွာ ဖြန့်ချိလိုက်ပါတယ်။

Android 11 ဟာ developer တွေအတွက် ဖြန့်ချိထားတဲ့အတွက် အစောပိုင်းဗားရှင်းမှာ အဓိက UI ပြောင်းလဲမှုတွေ ပါဝင်ဖို့နည်းပါးပါတယ်။ Google ဟာ နှစ်စဉ်ပြုလုပ်နေကျ I/O ကွန်ဖရင့်ကို မေလအတွင်း ပြုလုပ်ဖွယ်ရှိပါတယ်။ အခုဗားရှင်းဟာ developer တွေအတွက် ရည်ရွယ်ထားတာကြောင့် Pixel 2,3,3A ဒါမှမဟုတ် 4 မှာစမ်းသပ်ဖို့ လိုပါတယ်။

Android 11 developer preview မှာနည်းပညာသစ်တွေ များစွာပါဝင်လာပါတယ်။ ခေါက်စမတ်ဖုန်းတွေအတွက် အဆင့်မြှင့်တင်မှုများစွာ၊ SHAKEN/STIR call screen authentication ထောက်ပံ့မှု၊ 5G bandwidth နဲ့ meter ပြသမှု၊ Statdia လိုမျိုး ဂိမ်းဝန်ဆောင်မှုအတွက် latency နည်းပါးတဲ့ ဗီဒီယို decode လုပ်မှုပိုမိုကောင်းမွန်လာပြီး HEIF ထောက်ပံ့မှု အပါအဝင် Google ရဲ့ neura networks API ဗားရှင်းသစ်တို့ ပါဝင်လာပါတယ်။

Android 11 မှာ notification shade အတွင်း စကားပြောဆိုနိုင်မယ့် နေရာတစ်ခု ထောက်ပံ့ထားပါတယ်။ ဒါကြောင့် iMessage လိုမျိုး သတိပေးချက်ကနေ တိုက်ရိုက် စကားပြောဆိုမှု အကြောင်းပြန်နိုင်ပါတယ်။ အဲဒီ feature မှာ ဓာတ်ပုံပေးပို့မှုကိုလည်း ထောက်ပံ့ပေးထားပါတယ်။Android 11 မှာ တည်နေရာ permission အသစ်တစ်ခု ပါဝင်လာပါတယ်။ သုံးစွဲသူတွေက app တစ်ခု ဖွင့်ပြီး အသုံးပြုစဉ်မှာ app အတွက် တစ်ကြိမ်သာ တည်နေရာ အသုံးပြုခွင့်ပေးမှာ ဖြစ်ပါတယ်။

Google အနေနဲ့ Android app လုပ်ဆောင်ချက်အပေါ် သက်ရောက်တဲ့ privacy နဲ့ လုံခြုံရေးအပြောင်းအလဲများစွာ ပြုလုပ်ထားပါတယ်။ ဒါကြောင့် Google ဟာ အခု Android 11 developer preview ကိုစောစီးစွာ ဖြန့်ချိလိုက်တာ ဖြစ်ပါတယ်။ Google ဟာ Android 11 မှာအပြောင်းအလဲတချို့ ပြုလုပ်မယ့်ကိစ္စကို အချက်ပြလိုက်ကာ အပြောင်းအလဲကို ဖော်ဆောင်တော့မှာပါ။

စိုးထက်
Ref: TheVerge