Android 11 ရဲ့ မီဒီယာ ထိန်းချုပ်မှု လုပ်ဆောင်ချက်သစ်ကို မိမိဖုန်းမှာ ဘယ်လိုထည့်သွင်းမလဲ

Android 11 မှာ မီဒီယာထိန်းချုပ်မှု လုပ်ဆောင်ချက်ကို not-ification အသိပေးချက်အကွက် ထဲကနေ Quick Settings ထဲကို ပြောင်းရွှေ့လိုက်ပါတယ်။ အဲဒီလို ပြောင်းရွှေ့လိုက်တဲ့အတွက် not-ification အသိပေးချက်အသစ်တွေတက်လာတိုင်း ဖတ်နိုင်တဲ့နေရာ ပိုမိုကျယ်ဝန်းလာစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မီဒီယာထိန်းချုပ်မှု လုပ်ဆောင်ချက်အသစ်ကိုလည်း ထပ်မံထည့်သွင်းလိုက်တဲ့အတွက် ဖုန်းရဲ့စပီကာစနစ်အား Bluet-ooth ထုတ်ကုန်တွေနဲ့ ချိတ်ဆက် တာမျိုးကို အလွယ်တကူ လုပ်ဆောင်နိုင်မှာလည်း ဖြစ်ပါတယ်။

လက်ရှိ Pixel ဖုန်းတွေကတော့ ဒီလုပ်ဆောင်ချက်ကို အသုံးပြုနိုင်ပါပြီ။ သင့်ဖုန်းက Android 11 ရဲ့ upgrade ရတယ်ဆိုရင်တော့ ဒီလုပ်ဆောင်ချက် အပြောင်းအလဲသစ်ကို သုံးနိုင်မှာဖြစ်ပြီး အဲလိုမဟုတ်ဘဲ Anroid 11 ကို upgrade မရဘူးဆိုရင်လည်း စိတ်ပူစရာ မရှိပါဘူး။ အခမဲ့ သုံးနိုင်တဲ့ Third-party app ကို သုံးပြီး Android 11 ရဲ့ မီဒီယာထိန်းချုပ်မှု လုပ်ဆောင်ချက်သစ်ကို သင့်ဖုန်းမှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Quick Settings မီဒီယာထိန်းချုပ်မှု လုပ်ဆောင်ချက်ကို Treydev Inc က ဖန်တီးထားတဲ့ Power Shade ဆိုတဲ့ App နဲ့ သင့်ဖုန်းမှာ သုံးနိုင်ပါတယ်။ အရင်ဆုံးအခမဲ့ download ပြုလုပ်သုံးနိုင်တဲ့ Power Shade: Notification Panel & Quick Settings app ကို ဖုန်းထဲကို ထည့်သွင်းလိုက်ပါ။

ပြီးရင်တော့ App ကို ဖွင့်ပြီး Accessibility စနစ်ထဲကို ဝင်လိုက်ပါ။

အဲလို ဝင်လိုက်ရင်တော့ Installed services ထဲကို ရောက်သွားမှာဖြစ်ပြီး Power Shade ဆိုတဲ့စာသားကို ရွေးလိုက်ပါ။

ပြီးရင်တော့ Off ဆိုတဲ့ စာသားနဲ့တွဲလျက် ခလုတ်လေးကိုနှိပ်ပြီး On ပေးရမှာဖြစ်ပါတယ်။ ခွင့်ပြုချက်ပေးဖို့ စာသားတက် လာပါလိမ့်မယ်။ Allow ကို နှိပ်ပေးလိုက်ပါ။

အဲလို ခွင့်ပြုပေးပြီးရင်တော့ အသိပေးချက် notification service ကို ထပ်ပြီး enable လုပ်ဖွင့်ပေးရမှာ ဖြစ်ပါတယ်။ Notification စာသားကို တစ်ချက်နှိပ်လိုက်ပါ။

Notifictaion access စနစ်ထဲကို ရောက်သွားပါမယ်။ Power Shade ဆိုတဲ့ စာသားနဲ့တွဲလျက် ခလုတ်လေးကို တစ်ချက်နှိပ်ပြီး enable လုပ်ပေးလိုက်ပါ။

ခွင့်ပြုပေးဖို့ အသိပေးစာ တက်လာရင် Allow ကို ရွေးလိုက်ပါ။

ဒါဆိုရင်တော့ Android 11 ရဲ့ မီဒီယာထိန်းချုပ်မှု လုပ်ဆောင်ချက်သစ်အတိုင်း သင့်ဖုန်းမှာ အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်ကို ပုံမှန်အားဖြင့် ခုလိုခွင့်ပြုချက်ပေး သတ်မှတ်ပြီးတာနဲ့ အသုံးပြုနိုင်ပြီ ဖြစ်ပေမယ့် သင့်ဖုန်းမှာ မရတာမျိုးဖြစ်ခဲ့ရင် app ရဲ့ Settings ထဲက Extra စနစ်ထဲကိုဝင်ပြီး Integrate media player in quick settings ဆိုတဲ့ စာသားနဲ့တွဲလျက် ခလုတ်လေး ပွင့်နေလား စစ်ဆေးပါ။ တကယ်လို့ ပိတ်နေရင် ဖွင့် ပေးလိုက်ပါ။

ဒါဆိုရင် သင့်ဖုန်းမှာ မီဒီယာထိန်းချုပ်မှုလုပ်ဆောင်ချက်သစ်ကို သုံးမရတာမျိုးမရှိဘဲ အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။

-သီဟ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««