Android 11 ပေါ်က အကောင်းဆုံး feature (၇) ခု

Google ဟာ Pixel ဖုန်းတွေအတွက် Android 11 လုပ်ဆောင်ချက်တွေကို ဖြန့်လိုပါတယ်။ ထုတ်ကုန်အနည်းငယ်မှာပဲ ဖြန့်ချိသေးတာ ဖြစ်ပေမယ့် မကြာခင်မှာ အားလုံးအတွက် ရရှိနိုင်ပါတယ်။ Update ဖြန့်ချိမှုကလည်း အချိန်အနည်းငယ် ယူရပါတယ်။

Android 11 ပေါ်က အပြောင်းအလဲနဲ့ feature တွေကို ဖော်ပြပေးလိုက်ပါတယ်။

Android 11 မှာ Quick Controls ပါဝင်

Android 11 မှာ ပါဝါခလုတ်ကို နှိပ်ထားရင် quick controls မျက်နှာပြင်ကို မြင်ရပါမယ်။ Pixel ဖုန်းတွေမှာတော့ ပါဝါ ထိန်းချုပ်မှုအပြင် Google Pay ကတ်တွေနဲ့ boarding pass တွေအသုံးပြုနိုင်ဖို့ shortcut တွေ ဖော်ပြထားပါတယ်။ ဒါ့အပြင် စမတ်အိမ်သုံး ထုတ်ကုန်တွေနဲ့ ချိတ်ဆက်ထားရင်လည်း ဖော်ပြပေးပါမယ်။

Google Assistant ကဖုန်းကိုင်ထားပေးနိုင်

Google ဟာ Assistant အတွက် လုပ်ဆောင်ချက် အသစ်တစ်ခု ထည့်သွင်းပြီး Pixel 4a 5G နဲ့ Pixel 5 အတွက် ဖြန့်ချိလိုက်ပါတယ်။ Google ရဲ့ Hold for me အမည်ရ လုပ်ဆောင်ချက်က screen မှာပေါ်လာပြီး လုပ်စရာရှိတာ လုပ်နေတဲ့အချိန် တစ်ယောက်ယောက်က စကားပြန်လိုက်တာနဲ့ သတိပေးပါမယ်။

သုံးစွဲသူက Phone app ထဲက အစက် ၃ စက် menu ကိုဖွင့်ပြီး Hold for me ဆိုတာကို ဖွင့်ရပါမယ်။

မက်ဆေ့ချ်သတိပေးချက်အသစ်

Android 11 မှာ Google Messages လိုမျိုး app တွေက သတိပေးချက်တွေကို မြင်ရပါမယ်။ သတိပေးချက်ကို “Conversations” ကဏ္ဍမှာ မြင်ရပါမယ်။ Google က သတိပေးချက်တွေကို စီစဉ်ပေးတာအပြင် ကိုယ်တိုင်လည်း မက်ဆေ့ချ်ဖော်ပြတဲ့ option တွေကို Priority ရွေးနိုင်ပါတယ်။

Messaging Bubbles

Bubbles လုပ်ဆောင်ချက်က Android 10 မှာပါဝင်ခဲ့ပေမယ့် နောက်ပိုင်းမှာ မထည့်သွင်းတော့ပါဘူး။ Android 11 မှာတော့ ပြန်လည် ပါဝင်လာပါတယ်။

Bubble ကတော့ Facebook Messenger ရဲ့ chat heads နဲ့ဆင်ပါတယ်။ ဘယ် app မှာမဆို အသုံးပြုနိုင်အောင် ထည့်သွင်းထားပါတယ်။ App တစ်ခုရဲ့ avatar ကိုနှိပ်လိုက်ရင် message တွေကို ဖတ်နိုင်၊ ပို့နိုင်ပါတယ်။

Android 11 က music controls

Android 11 ရဲ့ သတိပေးချက်မှာပဲ play control အသစ်ပါဝင်လာပါတယ်။ အဲဒီ quick settings ကတော့ သီချင်းတွေကို ကျော်တာ၊ play-pause လုပ်လို့ရပါတယ်။

Screen recorder ပါဝင်လာ

Google ဟာ Android 11 မှာ screen recorder တစ်ပါတည်း ထည့်သွင်းလိုက်ပါတယ်။ ဒါကြောင့် ဂိမ်းကစားတာ ဒါမှမဟုတ် tutorial တစ်ခုကို ပြသတာမျိုးအတွက် တော်တော်အဆင်ပြေပါတယ်။ Quick Settings ထဲမှာပဲ Screen Record ကိုထည့်သွင်းထားပါတယ်။

App Suggestions

Android 11 မှာတော့ home screen မှာ app suggestion တွေကို ဖွင့်နိုင်ပါတယ်။ အဲဒီလုပ်ဆောင်ချက်ကတော့ Pixel ဖုန်းတွေမှာ ပါဝင်လာပါတယ်။ အခု app ကတော့ ဘယ် app တွေကို ဖြတ်တောက်မလဲ ဆိုတာကို ရွေးချယ်နိုင်ပါတယ်။

-စိုးထက်
Ref: CNET

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««