Android 10 မှာ default app သတ်မှတ်ပြီး ဘယ်လိုသုံးမလဲ

Android 10 မှာ default အနေနဲ့ ထည့်သွင်းပေးလိုက်တဲ့ app တွေကို လုပ်ဆောင်ချက်တူတဲ့ အခြား app နဲ့ အလွယ်တကူ အစားထိုးသတ်မှတ်ပြီး အသုံးပြုနိုင်ပါတယ်။ မိမိအနေနဲ့ ဖုန်းထဲက default အနေနဲ့ ထည့်သွင်းပေးလိုက်တဲ့ app တွေကို သုံးရတာ မရင်းနှီးဘူးဆိုရင်တော့ မိမိအသုံးပြုချင်တဲ့ App ကို default အနေနဲ့ သတ်မှတ်ပြီး အသုံးပြုနိုင်မှာဖြစ်ကာ ဖုန်းမှာ ဝယ်ကတည်းက ပါလာတဲ့ Browser app, Home app, Message app စတဲ့စနစ်တွေကို အစားထိုး အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Default app အနေနဲ့ စိတ်ကြိုက်သတ်မှတ်အသုံးပြုဖို့အတွက် Settings စနစ်ထဲကို ဝင်လိုက်ပါ။

Settings ထဲရောက်ရင်တော့ Apps & notifications စနစ်ထဲကိုထပ်ဝင်ပေးပါ။

Apps စနစ်ထဲရောက်သွားရင်တော့ Default apps ထဲကို ထပ်ဝင်လိုက်ပါ။

Default apps စနစ်ထဲရောက်ရင်တော့ ဖုန်းကနေ default အနေနဲ့ သတ်မှတ်ထားတာတွေကို တွေ့ရမှာဖြစ်ပါတယ်။ မိမိပြောင်းလဲအသုံးပြုချင်တဲ့ အပိုင်းကို ရွေးချယ်ပြီး လုပ်ဆောင်နိုင်ပါတယ်။

Browser app နေရာကို နှိပ်ကြည့်လိုက်ရင်တော့ ဖုန်းထဲမှာရှိတဲ့ browser app တွေကို တွေ့ရမှာ ဖြစ်ပါတယ်။ မိမိအနေနဲ့ default app အနေနဲ့ သတ်မှတ်သုံးချင်တဲ့ app ကို ရွေးချယ်ပေးရမှာဖြစ်ပါတယ်။

ဒါဆိုရင်တော့ မိမိအနေနဲ့ အသုံးပြုချင်တဲ့ app ကို default အနေနဲ့ ပြောင်းလဲအသုံးပြုနိုင်ပြီဖြစ်ပါတယ်။ အခြားအပိုင်းစနစ်တွေဖြစ်တဲ့ Home app, Phone app, Message app ထဲမှာလည်း မိမိစိတ်ကြိုက် app ကို default အနေနဲ့ ပြောင်းလဲအသုံးပြုနိုင်မှာဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း

အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော်