Android 10 ဆိုတာ

Android 10 ဆိုတာက ၂၀၁၉ ခုနှစ်၊ စက်တင်ဘာ ၃ ရက်က ထွက်ရှိလာတဲ့ Android mobile operating system ရဲ့ 17th ဗားရှင်းပဲဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်၊ မတ်လ ၁၃ ရက်က Android 10 OS ကို Google ကနေ မိတ်မဆက်ခင်တုန်းကတော့ Android Q ဆိုတဲ့ နာမည်နဲ့ ခေါ်ဝေါ်ခဲ့ပြီး pixel ဖုန်းမှာ ထည့်သွင်းပေးခဲ့ပါတယ်။ ပထမဆုံးမျိုးဆက်ဖြစ်တဲ့ Pixel နဲ့ Pixel XL ဖုန်းတွေကလည်း ဒီ OS ကို update ပြုလုပ်အသုံးပြုနိုင်မှာဖြစ်ပြီး ၂၀၁၉ ခုနှစ်၊ သြဂုတ် ၂၂ ရက်မှာ Android Q ကို Android 10 အဖြစ်ဖြန့်ချိသွားမယ်ဆိုတာကို တရားဝင် ကြေညာခဲ့ပါတယ်။

Android 10 မှာ အသစ်ပြုပြင်ထားတဲ့ full-screen gesture system ပါဝင်လာပြီး Google Assistant ကို ဖွင့်တာနဲ့ App အသစ်တွေဖွင့်ဖို့အတွက် မျက်နှာပြင်ရဲ့ အောက်ခြေရှိ ဘောင်ကိုပွတ်ဆွဲကာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဘေးဘက်ပွတ်ဆွဲကာ “Back” command အနေနဲ့အသုံးပြုနိုင်ပြီး Android Pie မှာ သုံးတဲ့ ခလုတ်နှစ်ခုလမ်းညွှန်စနစ်ကို ကန့်သတ်ထားတဲ့စနစ်က Android 10 မှာ မပါ ၀င်နိုင်တော့ပါဘူး။
နောက်ထပ် အသုံးပြုမှုပိုမိုကောင်းမွန်စေတဲ့ “bubbles” လို့ခေါ်တဲ့ App တွေကို pop-up အနေနဲ့ ထားရှိအသုံးပြုတဲ့ပုံစံမျိုးနဲ့ App အသိပေးချက်တွေကို pop-up အနေနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Android 10 Go Edition ကတော့ overlay permissions တွေကို အသုံးပြုနိုင်မှာမဟုတ်ပါဘူး။ နောက်တစ်ခုက Android 10 မှာ system-level dark mode ထောက်ပံ့ပါဝင်လာပြီး Third-party app တွေ အတွက်ပါ ဒီစနစ်က လုပ်ဆောင်ပေးပါတယ်။ App တွေကနေ တိကျတဲ့ ချိန်ညှိချက်မှုတွေဖြစ်တဲ့ အင်တာနက်ချိတ်ဆက်မှုနဲ့ အက်ပလီကေးရှင်းတစ်ခုမှ အင်တာနက်လိုအပ်ပါက Wi-Fi ချိတ်ဆက်မှုကဲ့သို့ သတ်မှတ်ထားတဲ့ ချိန်ညှိမှုတွေအတွက် မိမိစိတ်ကြိုက် ပြင်ဆင်နိုင်မှာဖြစ်ပါတယ်။

သီးသန့်လုံခြုံရေးနဲ့ လုံခြုံရေးစနစ်တွေ Android 10 မှာ ပါဝင်လာပြီး နောက်ခံ apps တွေ အပေါ် ကန့်သတ်မှုတွေလည်း ပါဝင်လာပါတယ်။ Android Nougat မှာ စတင်ထည့်သွင်းပေးခဲ့တဲ့ ဖိုင် based encryption ထက်ပိုမိုကောင်းမွန်တဲ့ Advanced Encryption Standard (AES) စနစ်ပါဝင်လာပြီး ဒီစနစ်က ဟာ့ဒ်ဝဲပိုင်း အဆင့်မြှင့်အထောက်အပံ့ မပါဝင်တဲ့ထုတ်ကုန်တွေမှာ အသုံးပြုနိုင်အောင် ဖန်တီးပေးထားတာ ဖြစ်ပါတယ်။ Android 10 က ခေါက်သိမ်းနိုင်တဲ့စမတ်ဖုန်းတွေအတွက် ပုံမှန် mode ကနေ ခေါက်လိုက်တဲ့ပုံစံကို ပြောင်းလဲချိန်မှာ app ကို ဆက်လက်အသုံးပြုနိုင်မှာဖြစ်သလို apps အားလုံးကိုလည်း တစ်ပြိုင်နက်တည်း အသုံးပြုတဲ့ multi-window mode အနေနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ နောက်ပြီး ဖုန်းတစ်လုံးနဲ့တစ်လုံး ဖိုင်တွေ မျှဝေမှုကို “Direct Share” အစား “share shortcuts” ဆိုပြီး ပြောင်းလဲအသုံးပြုခဲ့ပြီး Android 10 မှာ WPA3 encryption protocol နဲ့ Wi-Fi အတွက် ဝှက်စာအနေနဲ့ ပြောင်းလဲပေး Enhanced Open စနစ်တွေ ထောက်ပံ့ပါဝင်လာပါတယ်။ Android 10 Go Edition ကတော့ စွမ်းဆောင်ရည်ပိုင်းတိုးတက်မှု များစွာပါဝင်လာပြီး Google က App တွေအသုံးပြုမှုပိုင်းက Android Pie ထက် ၁၀% ပိုမိုမြန်ဆန်မှာ ဖြစ်တယ်လို့ ပြောကြားထားပါသေးတယ်။

Android 10 ရဲ့ အဓိကလုပ်ဆောင်ချက်တွေကတော့ Live caption, Smart Reply, Sound Amplifier, Gesture Navigation, Dark Theme, Privacy Controls, Location Controls, Security Updates, Focus Mode, Family Link စတဲ့တွေပဲဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း