Android ေနရာအစားထိုးမယ့္ Huawei ရဲ႕ HarmonyOS အေၾကာင္း သိသင့္သမွ်

[Zawgyi]
Huawei ဟာ Google ရဲ႕ Android software ကုိအသုံးျပဳခြင့္ ဆုံး႐ႈံးသြားရင္ အစားထိုးဖို႔အတြက္ ဖုန္း၊ tablet နဲ႔ အျခား စမတ္ထုတ္ကုန္ေတြအတြက္ ကုိယ္ပုိင္ operating system ေတြဖန္တီးေန တယ္လို႔ သိရပါတယ္။ တ႐ုတ္ကုမၸဏီ Huawei ဟာ ၾသဂုတ္လ ၉ ရက္ Developer ကြန္ဖရင့္မွာ HarmonyOS လို႔အမည္ရတဲ့ operating စနစ္ကုိ ထုတ္ေဖာ္ျပသခဲ့ပါတယ္။ Harmony OS ဟာ အရင္တုန္းက HongMeng လို႔သိၾကတဲ့ cross-device platform ျဖစ္ပါတယ္။
HDC (Huawei Developer Conference) မွာ Huawei ရဲ႕လူသုံးကုန္လုပ္ငန္းရဲ႕အမႈေဆာင္အရာရွိခ်ဳပ္ ရစ္ခ်တ္ယုက ‘ HarmonyOS ဟာ Android ေနရာမွာ အစားဝင္ဖို႔ အဆင္သင့္ျဖစ္ေနၿပီ ’လုိ႔ ေျပာခဲ့ပါတယ္။ ဒါေပမဲ့ Huawei အေနနဲ႔ အျခားကုမၸဏီေတြပူးေပါင္းမႈနဲ႔ စီးပြားေရးေဂဟစနစ္အတြက္ သုံးစြဲမႈကုိ ရပ္တန္႔ထားဦးမယ္လို႔ သိရပါတယ္။
Huawei အေနနဲ႔ operating system သစ္ကုိ ၂၀၁၂ ခုႏွစ္ကတည္းက လုပ္ကုိင္ေနဖြယ္ရွိပါတယ္။ ဒါေပမဲ့ အေမရိကန္အစုိးရက ေမလမွာ Huawei ကုိ အမည္ပ်က္စာရင္းသြင္းၿပီးေနာက္ HarmonyOS သတင္းေတြက ပုိမို က်ယ္ေလာင္လာပါတယ္။ Huawei ဟာ အေမရိကန္ကုန္သြယ္ေရးဌာနရဲ႕ entity list စာရင္းသြင္းခံရၿပီး သမၼတေဒၚနယ္ထရမ့္ကလည္း Huawei ကုိ တ႐ုတ္အစိုးရနဲ႔ ပတ္သက္မႈေၾကာင့္ အေမရိကန္ဆက္သြယ္ေရး ကြန္ရက္ကေန ပိတ္ပင္လိုက္ပါတယ္။ ဒါေၾကာင့္ Huawei အေနနဲ႔ အေမရိကန္ကုမၸဏီေတြဆီက ထုတ္ကုန္ေတြနဲ႔ ဝန္ေဆာင္မႈေတြကုိ ဝယ္ယူအသုံးမျပဳႏိုင္ေတာ့ပါဘူး။
HarmonyOS ဆိုတာဘာလဲ
HarmonyOS ဆိုတာ Android လိုပဲ open source ျဖစ္လာမွာပါ။ HarmonyOS မွာ ထုတ္ကုန္အတြက္ developer ေတြကုိ ျပင္ဆင္ႏိုင္ၿပီး platform ရဲ႕က်ယ္ျပန္႔တဲ့အရာအတြက္ အလားအလာ သစ္ကုိ ဖြင့္ေပးမွာ ျဖစ္ပါတယ္။ Android ကေန Harmony OS ဆီကုိ ရက္အနည္းငယ္အတြင္း အခ်က္အလက္ေတြ လႊဲေျပာင္းေပးသြားမယ္လို႔ Huawei အမႈေဆာင္အရာရွိခ်ဳပ္ ယုကေျပာပါတယ္။ အခု cross-device platform က Android, Linux နဲ႔ HTML 5 အပါအဝင္ app language အမ်ိဳးမ်ိဳး ေထာက္ပံ့ပါမယ္။
ၿပီးခဲ့တဲ့ကာလတုန္းက ထရမ့္အစိုးရအဖြဲ႕ရဲ႕ တားျမစ္ကန္႔သတ္မႈအတြင္း ကုန္သြယ္ေရးဌာနခြင့္ျပဳမိန္႔ ေစာင့္ဆုိင္းေနစဥ္မွာ အနာဂတ္ထုတ္ကုန္ေတြမွာ Android အသုံးျပဳမႈ မေသခ်ာဘူးလို႔ Huawei ကေျပာခဲ့ပါတယ္။
Huawei အမႈေဆာင္ကတ္သရင္းခ်ိန္က ၿပီးခဲ့တဲ့လက HarmonyOS တည္ေဆာက္ထားေၾကာင္း ေျပာခဲ့ေပမယ့္ ဖုန္းေတြအတြက္ မဟုတ္ဘူးလို႔ ေျပာသြားခဲ့ပါတယ္။ မူလကနဦးမွာ စမတ္တီဗီလိုမ်ိဳး IoT ထုတ္ကုန္ေတြမွာ အသုံးျပဳဖို႔ HarmonyOS ကုိတည္ေဆာက္ထားၿပီး ဖုန္း OS ထက္ ကုတ္အေၾကာင္းေရ နည္းပါးပါတယ္။
Huawei တည္ေထာင္သူနဲ႔ အမႈေဆာင္အရာရွိခ်ဳပ္ျဖစ္တဲ့ ရန္က်န္ေဖးကေတာ့ ကုိယ္ပုိင္ OS ဟာ Android ထက္ ၆၀ ရာခိုင္ႏႈန္း ျမန္ဆန္တယ္လို႔ ေျပာထားပါတယ္။ ဒါ့အျပင္ HarmonyOS ထုတ္ကုန္ေတြဟာ ကုိယ္ပုိင္ app store လုိအပ္မယ္လုိ႔ ရန္ကေျပာထားပါတယ္။
HarmonyOS က အေမရိကန္ ကုန္သြယ္ေရးပိတ္ပင္မႈနဲ႔ ဘယ္လိုဆက္စပ္သလဲ
Google က အေမရိကန္ရဲ႕ ပိတ္ပင္မႈေၾကာင့္ Android update ေတြ Huawei ထုတ္ကုန္ေတြဆီ မေပးေတာ့ပါဘူး။ ကုန္သြယ္ေရးဌာနကလည္း ေမလေႏွာင္းပုိင္းမွာ လက္ရွိထုတ္ကုန္ေတြကုိ update လုပ္ေပးဖို႔ Huawei ကုိ ၃ လ အေထြေထြလိုင္စင္ကုိ ေပးခဲ့ပါတယ္။ အဲဒီေနာက္ ရက္သတၱပတ္ အေတာ္အၾကာမွာ Android ကိုစြန္႔ခြာဖို႔ ျပင္ဆင္တဲ့အေနနဲ႔ တ႐ုတ္နဲ႔ ပီ႐ူးႏိုင္ငံမွာ Hongmeng အမွတ္တံဆိပ္ကို စာရင္းသြင္းခဲ့ပါတယ္။
ၾသဂုတ္လ ၉ ရက္မွာ အေမရိကန္က တ႐ုတ္နဲ႔ အလုပ္မလုပ္ဘူးလို႔ ထရမ့္ကေျပာခဲ့ပါတယ္။ ဒါေပမဲ့ Huawei ကေန ဆက္သြယ္ေရးပစၥည္းေတြနဲ႔ ဗီဒီယိုေလ့ေလာေစာင့္ၾကည့္ေရး ပစၥည္းေတြ ဝယ္ယူမႈကုိ ဖက္ဒရယ္ေအဂ်င္စီအေပၚ ပိတ္ပင္မႈကုိ သမၼတက ရည္ညႊန္းေျပာၾကားတာ ျဖစ္ေၾကာင့္ နာက္ပိုင္း အိမ္ျဖဴေတာ္က ေျပာခဲ့ပါတယ္။ ကုန္သြယ္ေရးတင္းအားေတြေၾကာင့္ အေမရိကန္ဟာ ကုမၸဏီေတြအတြက္ Huawei ျပန္လည္ေရာင္းခ်ခြင့္ လုိင္စင္ထုတ္ေပးဖို႔ ၾကန္႔ၾကာေနတာ ျဖစ္ပါတယ္။
HarmonyOS အေသးစိတ္အခ်က္အလက္
HarmonyOS မွာ ထူးျခားတဲ့ နည္းပညာဆုိင္ရာ feature ေလးခု ပါဝင္လာမယ္လို႔ Huawei ေျပာခဲ့ပါတယ္။
-Machine Learning ေတြက operating system ကို ျမန္ႏႈန္း တုိးျမႇင့္ေပးၿပီး app ျမန္ႏႈန္းက ၂၅.၇ ရာခုိင္ႏႈန္း ရွိလာမွာပါ
-HarmonyOS ကို ထုတ္ကုန္အမ်ိဳးမ်ိဳးမွာ အသုံးျပဳႏိုင္ပါတယ္။ ဖုန္းေတြ၊ tablet ေတြ၊ ဝတ္ဆင္ႏိုင္တဲ့ထုတ္ကုန္ေတြ၊ တီဗီေတြ၊ ကြန္ပ်ဴတာေတြနဲ႔ တျခားထုတ္ကုန္မ်ားစြာမွာ အသုံးျပဳႏိုင္ပါတယ္။
-OS ရဲ႕ဒီဇိုင္းက က်စ္လ်စ္ၿပီး လုံၿခဳံေရးအတြက္ Trusted Execution Environment ကုိအသုံးျပဳထားပါတယ္။
-OS မွာ cross-device မွာအသုံးျပဳႏိုင္ဖို႔ သင့္ေတာ္တဲ့ app ကုိတည္ေဆာက္ေပးဖို႔ developer ေတြအတြက္ tool အသစ္ေတြ ပါဝင္လာမွာ ျဖစ္ပါတယ္။
Huawei ရဲ႕ app နဲ႔ပတ္သက္သမွ်
ကုမၸဏီက AppGallery အတြင္းက app ေတြကုိ ျဖန္႔ခ်ိဖို႔ Google Play Store developer ေတြကုိ ဖိတ္ေခၚခဲ့ပါတယ္။ အမည္မသိတဲ့ developer က Huawei Developer portal ကိုအခမဲ့အသုံးျပဳၿပီး အေျပာင္းအလဲအတြင္း ေထာက္ပံ့ေပးဖို႔ ကမ္းလွမ္းထားတဲ့ အီးေမးလ္ကုိ Huawei ကေပးထားတာကုိ ဖြင့္ဟခဲ့ပါတယ္။
ပထမဆုံး HarmonyOS ထုတ္ကုန္ကုိ ဘယ္အခ်ိန္မွာ ျမင္ေတြ႕ရမလဲ
HarmonyOS ဟာ စမတ္တီဗီေတြနဲ႔ စမတ္ screen ထုတ္ကုန္ေတြမွာ ၂၀၁၉ ခုႏွစ္ ေႏွာင္းပုိင္းအတြင္း စတင္ပါဝင္လာမွာပါ။ ဒါ့အျပင္ ကားရဲ႕ သတင္းအခ်က္အလက္ ေဖ်ာ္ေျဖမႈစနစ္ေတြ၊ ဝတ္ဆင္ႏိုင္တဲ့ ထုတ္ကုန္ေတြနဲ႔ အျခားထုတ္ကုန္မွာလည္း ပါဝင္လာႏိုင္ပါတယ္။
ပထမဆုံး Harmony OS ေထာက္ပ့ံထားတဲ့ ဖုန္းကုိ ဒီႏွစ္အတြင္းျဖန္႔ခ်ိမွာ ျဖစ္တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။ ေဒၚလာ ၂၉၀ ဝန္းက်င့္နဲ႔ ေရာင္းခ်ဖြယ္ရွိၿပီး Mate နဲ႔ Pro ထုတ္ကုန္ေတြမွာ Android ပဲ အသုံးျပဳထားၾကမွာပါ။ HarmonyOS ကို ႏိုင္ငံတကာမွာ ၂၀၂၀ ခုႏွစ္အတြင္း ျဖန္႔ခ်ိဖြယ္ရွိပါတယ္။
Huawei အေနနဲ႔ EMUI 10 အတြက္ အသစ္ထြက္ရွိမယ့္ update အေသးစိတ္ကုိ ေဖာ္ျပခဲ့ပါတယ္။
အသစ္ထြက္ရွိမယ့္ Mate 30 ဖုန္းမွာ EMUI 10 ပါဝင္ၿပီး cross-device လုပ္ေဆာင္ခ်က္လည္း ပါဝင္လာပါမယ္။ EMUI 10 ဖုန္းသုံးစြဲသူေတြက စမတ္တီဗီေပါင္းစပ္မႈကတစ္ဆင့္ ဖုန္းေခၚဆိုမႈေတြကုိ ေျဖၾကားႏုိင္သလို laptop display ေပၚမွာ ဖုန္း screen ကုိလည္းလႊင့္ႏိုင္မယ္လို႔ သိရပါတယ္။ ဖုန္းေတြကုိ ဒ႐ုန္းေတြနဲ႔ ကားေတြ ေပါင္းစပ္ႏိုင္ပါတယ္။
“ကၽြန္ေတာ္တို႔က laptop နဲ႔ ဖုန္းကုိ software အသုံးျပဳေပါင္းစပ္ၿပီး ထုတ္ကုန္သစ္ဖန္တီးဖို႔ပါ” လို႔ Huawei software အႀကီးအကဲ ဝမ္ခ်န္လူကေျပာခဲ့ပါတယ္။
Platform သစ္တစ္ခု ဖန္တီးဖို႔ ဘယ္ေလာက္ခက္သလဲ
OS သစ္တစ္ခုကုိ အစအဆုံး တည္ေဆာက္ရတာ အလြန္ခက္ခဲၿပီး ေနာက္ကြယ္က developer ေတြမ်ားစြာ ပါဝင္ရပါတယ္။ Developer ေတြက သုံးစြဲသူေတြမ်ားစြာကုိ ေခၚယူရပါတယ္။ လက္ရွိမွာေတာ့ Apple ရဲ႕ iOS နဲ႔ Google ရဲ႕ Android မွာ သုံးစြဲသူ အမ်ားအျပားရွိပါတယ္။
နာမည္ေက်ာ္ ကုမၸဏီေတာ္ေတာ္မ်ားမ်ားက ကုိယ္ပုိင္ OS ဖန္တီးဖို႔ ႀကိဳးစားခဲ့ၾကၿပီး Microsoft က Windows Phone လုပ္ကိုင္ခဲ့ေပမယ့္ ေနာက္ဆုံးမွာ ပိတ္သိမ္းလိုက္ပါတယ္။ Samsung ကလည္း Tizen ကုိ တြန္းအားေပးေနေပမယ့္ စမတ္နာရီမွာပဲ ရွင္သန္ပါေတာ့တယ္။
BlackBerry ကလည္း စမတ္ဖုန္းသုံးစြဲသူေတြ အထိုင္ခ်ၿပီး ေခတ္သစ္ app အေျခခံ OS ကိုလႊင့္တင္ခဲ့ေပမယ့္ က်ဆုံးခဲ့ပါတယ္။ အခုဆိုရင္ Android ကုိပဲအသုံးျပဳေနပါတယ္။
Huawei က ဘယ္လို မတူညီတာေတြ လုပ္ျပႏိုင္မလဲ
Huawei ဟာ စမတ္ဖုန္းေဈးကြက္အတြင္းက နံပါတ္ ၂ ရွိတဲ့ ကုမၸဏီျဖစ္တဲ့ HarmonyOS ကုိ လုံးဝ လ်စ္လ်ဴ႐ႈပစ္ဖုိ႔ မရွိပါဘူး။
ၿပီးခဲ့တဲ့ႏွစ္အနည္းငယ္အတြင္း platform ေတြနဲ႔ စနစ္ေတြဟာ တ႐ုတ္သုံးစြဲသူမ်ားစြာေၾကာင့္ က်ယ္ျပန္႔လာပါတယ္။ HarmonyOS ဟာ ျပင္ပမွာ မေအာင္ျမင္ခဲ့ရင္လည္း တ႐ုတ္သုံးစြဲသူေတြ လည္ပတ္လုပ္ေဆာင္ဖုိ႔ လုံေလာက္ပါတယ္။
စိုးထက္
Ref: CNET
[Unicode]

Huawei ဟာ Google ရဲ့ Android software ကိုအသုံးပြုခွင့် ဆုံးရှုံးသွားရင် အစားထိုးဖို့အတွက် ဖုန်း၊ tablet နဲ့ အခြား စမတ်ထုတ်ကုန်တွေအတွက် ကိုယ်ပိုင် operating system တွေဖန်တီးနေတယ်လို့ သိရပါတယ်။ တရုတ်ကုမ္ပဏီ Huawei ဟာ သြဂုတ်လ ၉ ရက် Developer ကွန်ဖရင့်မှာ HarmonyOS လို့အမည်ရတဲ့ operating စနစ်ကို ထုတ်ဖော်ပြသခဲ့ပါတယ်။ Harmony OS ဟာ အရင်တုန်းက HongMeng လို့သိကြတဲ့ cross-device platform ဖြစ်ပါတယ်။

HDC (Huawei Developer Conference) မှာ Huawei ရဲ့လူသုံးကုန်လုပ်ငန်းရဲ့အမှုဆောင်အရာရှိချုပ် ရစ်ချတ်ယုက ‘ HarmonyOS ဟာ Android နေရာမှာ အစားဝင်ဖို့ အဆင်သင့်ဖြစ်နေပြီ ’လို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ Huawei အနေနဲ့ အခြားကုမ္ပဏီတွေပူးပေါင်းမှုနဲ့ စီးပွားရေးဂေဟစနစ်အတွက် သုံးစွဲမှုကို ရပ်တန့်ထားဦးမယ်လို့ သိရပါတယ်။

Huawei အနေနဲ့ operating system သစ်ကို ၂၀၁၂ ခုနှစ်ကတည်းက လုပ်ကိုင်နေဖွယ်ရှိပါတယ်။ ဒါပေမဲ့ အမေရိကန်အစိုးရက မေလမှာ Huawei ကို အမည်ပျက်စာရင်းသွင်းပြီးနောက် HarmonyOS သတင်းတွေက ပိုမို ကျယ်လောင်လာပါတယ်။ Huawei ဟာ အမေရိကန်ကုန်သွယ်ရေးဌာနရဲ့ entity list စာရင်းသွင်းခံရပြီး သမ္မတဒေါ်နယ်ထရမ့်ကလည်း Huawei ကို တရုတ်အစိုးရနဲ့ ပတ်သက်မှုကြောင့် အမေရိကန်ဆက်သွယ်ရေး ကွန်ရက်ကနေ ပိတ်ပင်လိုက်ပါတယ်။ ဒါကြောင့် Huawei အနေနဲ့ အမေရိကန်ကုမ္ပဏီတွေဆီက ထုတ်ကုန်တွေနဲ့ ဝန်ဆောင်မှုတွေကို ဝယ်ယူအသုံးမပြုနိုင်တော့ပါဘူး။

HarmonyOS ဆိုတာဘာလဲ

HarmonyOS ဆိုတာ Android လိုပဲ open source ဖြစ်လာမှာပါ။ HarmonyOS မှာ ထုတ်ကုန်အတွက် developer တွေကို ပြင်ဆင်နိုင်ပြီး platform ရဲ့ကျယ်ပြန့်တဲ့အရာအတွက် အလားအလာသစ်ကို ဖွင့်ပေးမှာ ဖြစ်ပါတယ်။ Android ကနေ Harmony OS ဆီကို ရက်အနည်းငယ်အတွင်း အချက်အလက်တွေ လွှဲပြောင်းပေးသွားမယ်လို့ Huawei အမှုဆောင်အရာရှိချုပ် ယုကပြောပါတယ်။ အခု cross-device platform က Android, Linux နဲ့ HTML 5 အပါအဝင် app language အမျိုးမျိုး ထောက်ပံ့ပါမယ်။

ပြီးခဲ့တဲ့ကာလတုန်းက ထရမ့်အစိုးရအဖွဲ့ရဲ့ တားမြစ်ကန့်သတ်မှုအတွင်း ကုန်သွယ်ရေးဌာနခွင့်ပြုမိန့် စောင့်ဆိုင်းနေစဉ်မှာ အနာဂတ်ထုတ်ကုန်တွေမှာ Android အသုံးပြုမှု မသေချာဘူးလို့ Huawei ကပြောခဲ့ပါတယ်။

Huawei အမှုဆောင်ကတ်သရင်းချိန်က ပြီးခဲ့တဲ့လက HarmonyOS တည်ဆောက်ထားကြောင်း ပြောခဲ့ပေမယ့် ဖုန်းတွေအတွက် မဟုတ်ဘူးလို့ ပြောသွားခဲ့ပါတယ်။ မူလကနဦးမှာ စမတ်တီဗီလိုမျိုး IoT ထုတ်ကုန်တွေမှာ အသုံးပြုဖို့ HarmonyOS ကိုတည်ဆောက်ထားပြီး ဖုန်း OS ထက် ကုတ်အကြောင်းရေ နည်းပါးပါတယ်။

Huawei တည်ထောင်သူနဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်တဲ့ ရန်ကျန်ဖေးကတော့ ကိုယ်ပိုင် OS ဟာ Android ထက် ၆၀ ရာခိုင်နှုန်း မြန်ဆန်တယ်လို့ ပြောထားပါတယ်။ ဒါ့အပြင် HarmonyOS ထုတ်ကုန်တွေဟာ ကိုယ်ပိုင် app store လိုအပ်မယ်လို့ ရန်ကပြောထားပါတယ်။

HarmonyOS က အမေရိကန် ကုန်သွယ်ရေးပိတ်ပင်မှုနဲ့ ဘယ်လိုဆက်စပ်သလဲ

Google က အမေရိကန်ရဲ့ ပိတ်ပင်မှုကြောင့် Android update တွေ Huawei ထုတ်ကုန်တွေဆီ မပေးတော့ပါဘူး။ ကုန်သွယ်ရေးဌာနကလည်း မေလနှောင်းပိုင်းမှာ လက်ရှိထုတ်ကုန်တွေကို update လုပ်ပေးဖို့ Huawei ကို ၃ လ အထွေထွေလိုင်စင်ကို ပေးခဲ့ပါတယ်။ အဲဒီနောက် ရက်သတ္တပတ် အတော်အကြာမှာ Android ကိုစွန့်ခွာဖို့ ပြင်ဆင်တဲ့အနေနဲ့ တရုတ်နဲ့ ပီရူးနိုင်ငံမှာ Hongmeng အမှတ်တံဆိပ်ကို စာရင်းသွင်းခဲ့ပါတယ်။

သြဂုတ်လ ၉ ရက်မှာ အမေရိကန်က တရုတ်နဲ့ အလုပ်မလုပ်ဘူးလို့ ထရမ့်ကပြောခဲ့ပါတယ်။ ဒါပေမဲ့ Huawei ကနေ ဆက်သွယ်ရေးပစ္စည်းတွေနဲ့ ဗီဒီယိုလေ့လောစောင့်ကြည့်ရေး ပစ္စည်းတွေ ဝယ်ယူမှုကို ဖက်ဒရယ်အေဂျင်စီအပေါ် ပိတ်ပင်မှုကို သမ္မတက ရည်ညွှန်းပြောကြားတာ ဖြစ်ကြောင့် နာက်ပိုင်း အိမ်ဖြူတော်က ပြောခဲ့ပါတယ်။ ကုန်သွယ်ရေးတင်းအားတွေကြောင့် အမေရိကန်ဟာ ကုမ္ပဏီတွေအတွက် Huawei ပြန်လည်ရောင်းချခွင့် လိုင်စင်ထုတ်ပေးဖို့ ကြန့်ကြာနေတာ ဖြစ်ပါတယ်။

HarmonyOS အသေးစိတ်အချက်အလက်

HarmonyOS မှာ ထူးခြားတဲ့ နည်းပညာဆိုင်ရာ feature လေးခု ပါဝင်လာမယ်လို့ Huawei ပြောခဲ့ပါတယ်။

-Machine Learning တွေက operating system ကို မြန်နှုန်း တိုးမြှင့်ပေးပြီး app မြန်နှုန်းက ၂၅.၇ ရာခိုင်နှုန်း ရှိလာမှာပါ

-HarmonyOS ကို ထုတ်ကုန်အမျိုးမျိုးမှာ အသုံးပြုနိုင်ပါတယ်။ ဖုန်းတွေ၊ tablet တွေ၊ ဝတ်ဆင်နိုင်တဲ့ထုတ်ကုန်တွေ၊ တီဗီတွေ၊ ကွန်ပျူတာတွေနဲ့ တခြားထုတ်ကုန်များစွာမှာ အသုံးပြုနိုင်ပါတယ်။

-OS ရဲ့ဒီဇိုင်းက ကျစ်လျစ်ပြီး လုံခြုံရေးအတွက် Trusted Execution Environment ကိုအသုံးပြုထားပါတယ်။

-OS မှာ cross-device မှာအသုံးပြုနိုင်ဖို့ သင့်တော်တဲ့ app ကိုတည်ဆောက်ပေးဖို့ developer တွေအတွက် tool အသစ်တွေ ပါဝင်လာမှာ ဖြစ်ပါတယ်။

Huawei ရဲ့ app နဲ့ပတ်သက်သမျှ

ကုမ္ပဏီက AppGallery အတွင်းက app တွေကို ဖြန့်ချိဖို့ Google Play Store developer တွေကို ဖိတ်ခေါ်ခဲ့ပါတယ်။ အမည်မသိတဲ့ developer က Huawei Developer portal ကိုအခမဲ့အသုံးပြုပြီး အပြောင်းအလဲအတွင်း ထောက်ပံ့ပေးဖို့ ကမ်းလှမ်းထားတဲ့ အီးမေးလ်ကို Huawei ကပေးထားတာကို ဖွင့်ဟခဲ့ပါတယ်။

ပထမဆုံး HarmonyOS ထုတ်ကုန်ကို ဘယ်အချိန်မှာ မြင်တွေ့ရမလဲ

HarmonyOS ဟာ စမတ်တီဗီတွေနဲ့ စမတ် screen ထုတ်ကုန်တွေမှာ ၂၀၁၉ ခုနှစ် နှောင်းပိုင်းအတွင်း စတင်ပါဝင်လာမှာပါ။ ဒါ့အပြင် ကားရဲ့ သတင်းအချက်အလက် ဖျော်ဖြေမှုစနစ်တွေ၊ ဝတ်ဆင်နိုင်တဲ့ ထုတ်ကုန်တွေနဲ့ အခြားထုတ်ကုန်မှာလည်း ပါဝင်လာနိုင်ပါတယ်။

ပထမဆုံး Harmony OS ထောက်ပ့ံထားတဲ့ ဖုန်းကို ဒီနှစ်အတွင်းဖြန့်ချိမှာ ဖြစ်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ဒေါ်လာ ၂၉၀ ဝန်းကျင့်နဲ့ ရောင်းချဖွယ်ရှိပြီး Mate နဲ့ Pro ထုတ်ကုန်တွေမှာ Android ပဲ အသုံးပြုထားကြမှာပါ။ HarmonyOS ကို နိုင်ငံတကာမှာ ၂၀၂၀ ခုနှစ်အတွင်း ဖြန့်ချိဖွယ်ရှိပါတယ်။

Huawei အနေနဲ့ EMUI 10 အတွက် အသစ်ထွက်ရှိမယ့် update အသေးစိတ်ကို ဖော်ပြခဲ့ပါတယ်။

အသစ်ထွက်ရှိမယ့် Mate 30 ဖုန်းမှာ EMUI 10 ပါဝင်ပြီး cross-device လုပ်ဆောင်ချက်လည်း ပါဝင်လာပါမယ်။ EMUI 10 ဖုန်းသုံးစွဲသူတွေက စမတ်တီဗီပေါင်းစပ်မှုကတစ်ဆင့် ဖုန်းခေါ်ဆိုမှုတွေကို ဖြေကြားနိုင်သလို laptop display ပေါ်မှာ ဖုန်း screen ကိုလည်းလွှင့်နိုင်မယ်လို့ သိရပါတယ်။ ဖုန်းတွေကို ဒရုန်းတွေနဲ့ ကားတွေ ပေါင်းစပ်နိုင်ပါတယ်။

“ကျွန်တော်တို့က laptop နဲ့ ဖုန်းကို software အသုံးပြုပေါင်းစပ်ပြီး ထုတ်ကုန်သစ်ဖန်တီးဖို့ပါ” လို့ Huawei software အကြီးအကဲ ဝမ်ချန်လူကပြောခဲ့ပါတယ်။
Platform သစ်တစ်ခု ဖန်တီးဖို့ ဘယ်လောက်ခက်သလဲ

OS သစ်တစ်ခုကို အစအဆုံး တည်ဆောက်ရတာ အလွန်ခက်ခဲပြီး နောက်ကွယ်က developer တွေများစွာ ပါဝင်ရပါတယ်။ Developer တွေက သုံးစွဲသူတွေများစွာကို ခေါ်ယူရပါတယ်။ လက်ရှိမှာတော့ Apple ရဲ့ iOS နဲ့ Google ရဲ့ Android မှာ သုံးစွဲသူ အများအပြားရှိပါတယ်။

နာမည်ကျော် ကုမ္ပဏီတော်တော်များများက ကိုယ်ပိုင် OS ဖန်တီးဖို့ ကြိုးစားခဲ့ကြပြီး Microsoft က Windows Phone လုပ်ကိုင်ခဲ့ပေမယ့် နောက်ဆုံးမှာ ပိတ်သိမ်းလိုက်ပါတယ်။ Samsung ကလည်း Tizen ကို တွန်းအားပေးနေပေမယ့် စမတ်နာရီမှာပဲ ရှင်သန်ပါတော့တယ်။

BlackBerry ကလည်း စမတ်ဖုန်းသုံးစွဲသူတွေ အထိုင်ချပြီး ခေတ်သစ် app အခြေခံ OS ကိုလွှင့်တင်ခဲ့ပေမယ့် ကျဆုံးခဲ့ပါတယ်။ အခုဆိုရင် Android ကိုပဲအသုံးပြုနေပါတယ်။

Huawei က ဘယ်လို မတူညီတာတွေ လုပ်ပြနိုင်မလဲ

Huawei ဟာ စမတ်ဖုန်းဈေးကွက်အတွင်းက နံပါတ် ၂ ရှိတဲ့ ကုမ္ပဏီဖြစ်တဲ့ HarmonyOS ကို လုံးဝ လျစ်လျူရှုပစ်ဖို့ မရှိပါဘူး။

ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း platform တွေနဲ့ စနစ်တွေဟာ တရုတ်သုံးစွဲသူများစွာကြောင့် ကျယ်ပြန့်လာပါတယ်။ HarmonyOS ဟာ ပြင်ပမှာ မအောင်မြင်ခဲ့ရင်လည်း တရုတ်သုံးစွဲသူတွေ လည်ပတ်လုပ်ဆောင်ဖို့ လုံလောက်ပါတယ်။

Ref: CNET