Android အတွက် Defender Antivirus ဖြန့်ချိမယ့် Microsoft

Microsoft ရဲ့စီးပွားဖြစ် antivirus ထုတ်ကုန်ဖြစ်တဲ့ Defender Advanced Threat Protection (ATP) ကို Android အတွက် download လုပ်နိုင်ပြီ ဖြစ်ပါတယ်။ သုံးစွဲသူက https://bit.ly/31fII9p Company Portal app ကတစ်ဆင့် download လုပ်နိုင်ပါမယ်။

ထုတ်ကုန်အမည်က “Microsoft Defender ATP for Android “ ဖြစ်ပြီး ဒီနှစ် ဖေဖော်ဝါရီလက ပြုလုပ်ခဲ့တဲ့ RSA လုံခြုံရေးကွန်ဖရင့်မှာ ကြေညာခဲ့ပါတယ်။ အခုအခါမှာတော့ ပထမဆုံး အများအတွက် preview ကိုဖြန့်ချိလိုက်ပါတယ်။

Microsoft Defender ATP ကာကွယ်မှုနဲ့ စာချုပ်ထားတဲ့ ကုမ္ပဏီတွေက ဝန်ထမ်းတွေရဲ့ ထုတ်ကုန်တွေမှာ Android app ပါဝင်ဖို့ dashboard တစ်ခုရရှိပါမယ်။

အခု Andoroid app အသစ်က အခြား မိုဘိုင်း antivirus တွေနဲ့တူပြီး အန္တရာယ်ရှိ app တွေနဲ့အခြား malware တွေကို scan လုပ်ပေးတယ်။ ဒါ့အပြင် သုံးစွဲသူက အင်တာနက် အသုံးပြုတဲ့အခါအန္တရာယ်ရှိ phishing ဝက်ဆိုက်ကို ခြေရာခံပေးကာ ပိတ်ထားတဲ့ဝက်ဘ်ဆိုက် အခြေခံပြီး အချို့ဝက်ဘ်ဆိုက်ကိုလည်း ပိတ်ပင်ပေးပါမယ်။

Android အတွက် Defender ATP မှာ ဖုံးကွယ်ထားတဲ့ လုပ်ဆောင်ချက်တွေပါဝင်တယ်လို့ Microsoft ကပြောထားပါတယ်။

-စိုးထက်
Ref: ZDNet