Android အတွက် autofill feature အသစ်ကို Google စမ်းသပ်နေ

Google ရဲ့ autofill feature က သုံးစွဲသူရဲ့ တစ်ကိုယ်ရေ password တွေ၊ လိပ်စာတွေ၊ အကြွေး ဝယ်ကတ်နဲ့ အခြား အသေးစိတ်အချက်အလက်ကို မှတ်သားပေးပြီး Android နဲ့ Chrome မှာဖြည့်သွင်းပေးပါတယ်။ အခုဆိုရင် အဲဒီ tool ကို လုံခြုံရေးမြှင့်တင်ဖွယ်ရှိနေပါတယ်။

Google ဟာ autofill feature မှာ biometric အတည်ပြုမှုကို ထည့်သွင်းဖို့ လုပ်ဆောင်နေတယ်လို့ XDA Developers ကဖော်ပြခဲ့ပါတယ်။ ဒါကြောင့် သုံးစွဲသူက autofill feature ထည့်သွင်းဖို့ လက်ဗွေဒါမှမဟုတ် မျက်နှာရုပ်ပုံကို အသုံးပြုဖို့ လိုအပ်လာဖွယ်ရှိပါတယ်။

လက်ရှိမှာတော့ Android ဖုန်းဒါမှမဟုတ် chrome web browser အသုံးပြုသူတွေက autofill အသေးစိတ်အချက်အလက်ကို ဆက်လက်အသုံးပြုနိုင်ပါတယ်။

စိုးထက်
Ref: TechRadar