Android အတွက် all-in-one Office app ကို Microsoft ဖြန့်ချိ

Microsoft ဟာ Office app တွေစုစည်းပေးထားတဲ့ Android app beta စမ်းသပ်မှုအပြီး ဖြန့်ချိလိုက်ပြီ ဖြစ်ပါတယ်။

အဲဒီ app မှာ Word, Powerpoint နဲ့ Excel တို့ပါဝင်ပြီး သီးခြား download လုပ်စရာမလိုဘဲ အသုံးပြုနိုင်ပါမယ်။ ဒါ့အပြင် OneDrive ပေါင်းစပ်မှုနဲ့ Office Lens အသုံးပြုပြီး စာရွက်စာတမ်းတွေကို သိမ်းဆည်းနိုင်ပါတယ်။

ဒီနှစ်အစောပိုင်းမှာ Micrsooft က app preview ကိုမပြသခင် ၂၀၁၉ အစောပိုင်းမှာ အမြည်းမိတ်ဆက်ထားပါတယ်။ နောက်ပိုင်းမှာ Microsoft ကအစီအစဉ်ကို ရပ်ဆိုင်းခဲ့ပေမယ့် app ရဲ့ APK ဖိုင်တွေကတော့ ပေါက်ကြားထွက်ပေါ်လာပါတယ်။

မိုဘိုင်းပေါ်က Microsoft Office ဟာ လူသုံးအများဆုံး app တစ်ခုဖြစ်ပါတယ်။ Google နဲ့ Microsoft ဟာ productivity app တွေကို အသုံးဝင်စေဖို့ ခွဲထုတ်လေ့ရှိပါတယ်။ ဒါကြောင့် အခုဖြန့်ချိလိုက်တဲ့ all-in-one Office app ဟာ Microsoft အသုံးပြုသူတွေအတွက် သက်သောင့်သက်သာဖြစ်စေပါမယ်။

စိုးထက်
Ref: TechSpot