
Google ဟာ Android အတွက် Google Photos editor mode အသစ်ကို ဖြန့်ချိလိုက်ပါတယ်။ အခု update မှာ machine learning ထောက်ပံ့ထားတဲ့ အလိုအလျောက် အကြံပေးမှုတွေ ပါဝင်ပြီး ဓာတ်ပုံကို ချောမွတ်အောင် ပြင်ဆင်နိုင်မယ့် manual ထိန်းချုပ်မှုများစွာလည်း ပါဝင်လာပါတယ်။
Google Photos ထဲက ဓာတ်ပုံတည်းဖြတ်တဲ့ menu အတွင်းက “Suggestions” အသစ်မှာတော့ ဓာတ်ပုံတစ်ပုံအတွက် “brightness, contrast နဲ့ portrait effects” တို့ကို အလိုအလျောက် ချိန်ညှိပေးပါတယ်။ ပိုမိုကြီးမားကျယ်ပြန့် တည်းဖြတ်မှုကိုလည်း ပြုလုပ်နိုင်ပါတယ်။ Google က “Enhance” နဲ့ “Color Pop” လိုမျိုး အခြေခံအကြံပြုချက်ကိုလည်း ထည့်သွင်းထားပါတယ်။ Google က ဓာတ်ပုံတစ်ခုချင်းစီအလိုက် ချိန်ညှိနိုင်မယ့် option တွေကိုလည်း တိုးချဲ့ဖို့ရှိပါတယ်။ Google အနေနဲ့ Pixel ဖုန်းတွေက စတင်ပြီး လာမယ့်လအနည်းငယ်အတွင်း ဖြန့်ချိပါမယ်။
Google က အထွေထွေတည်းဖြတ်မှု tool တွေအတွက် interface အသစ်ကိုလည်း ဖြန့်ချိခဲ့ပါသေးတယ်။ iOS အတွက် Google Photos ဗားရှင်းအသစ် ဘယ်တော့ ဖြန့်ချိမလဲဆိုတာ မသိသေးပါဘူး။
-စိုးထက်
Ref: TheVerge
»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««