Android အတွက် အကောင်းဆုံး အီးမေးလ်ဝန်ဆောင်မှု (၅) ခု

Android ဖုန်းသုံးစွဲသူတွေအနေနဲ့ လုပ်ငန်းနဲ့ တစ်ကိုယ်ရေဆက်သွယ်ရေးအတွက် SMS နဲ့ message ပေးပို့တာ အပြင် အီးမေးလ်သုံးစွဲရတဲ့အပိုင်းတွေလည်း ရှိပါတယ်။ သုံးစွဲသူက အီးမေးလ်ကို အသုံးပြုမယ်ဆိုရင် အကောင်းဆုံး ဝန်ဆောင်မှုကိုပဲ အသုံးပြုသင့်ပါတယ်။ ဒါကြောင့် သုံးစွဲသူအတွက် သင့်တော်မယ့် အကောင်းဆုံး အီးမေးလ်ဝန်ဆောင်မှု ၅ ခုကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

(၁) Gmail

Gmail ဟာ Android ဖုန်းအများစုအတွက် default အီးမေးလ် app ဖြစ်ပါတယ်။ Gmail ဟာအကောင်းဆုံး app တွေထဲကတစ်ခုလို့ ဆိုနိုင်ပါတယ်။ Gmail က Google Mail account အပြင် Exchange, Office 365, Outlook, Hotmail, Live, Yahoo, IMAP နဲ့ POP account တွေကိုလည်း ကိုင်တွယ်နိုင်ပါတယ်။ Gmail မှာ label တွေကို အလွယ်တကူ စီမံခန့်ခွဲနိုင်ပြီး signature ထောက်ပံ့မှုပါဝင်သလို AI ထောက်ပံ့ထားတဲ့ Smart Reply လည်း ပါဝင်လာပါတယ်။ Gmail ဒီဇိုင်းက ရိုးရှင်းပြီး interface ကလည်း အလွယ်တကူ အသုံးပြုနိုင်အောင် ဖန်တီးထားပါတယ်။

(၂) Blue Mail

Blue Mail ကတော့ အီးမေးလ်နဲ့ calendar app ကိုပေါင်းစပ်ထားတဲ့ app တစ်ခုဖြစ်ပါတယ်။ အီးမေးလ် ဝန်ဆောင်မှု အမျိုးမျိုးကိုလည်း ကိုင်တွယ်နို်ငပါတယ်။ Blue မှာကြီးမားတဲ့ swipe menu ပါဝင်ပြီး အီးမေးလ်ကို snooze လုပ်နိုင်ကာ account အမျိုးမျိုးပြောင်းလဲ အသုံးပြုနိုင်ပါတယ်။ Blue Mail မှာ အကောင်းဆုံး Unified folder feature တွေပါဝင်ပြီး calendar ထဲပေါင်းစပ်ကာ လူတွေကို အဖွဲ့အဖြစ်စုထားပေးနိုင်ပါတယ်။ Blue Mail မှာ light နဲ့ dark theme ပါဝင်သလို ဘယ်၊ ညာ swipe action တွေထောက်ပံ့ပေးထားပါတယ်။ Blue Mail ကိုနှစ်သက်သလို သုံးစွဲသူအကြိုက် ပြောင်းလဲနိုင်ပါတယ်။

(၃) K-9 Mail

K-9 Mail ဟာ open source အီးမေးလ်ဝန်ဆောင်မှုဖြစ်ပြီး email encryption အတွက် OpenKeychain နဲ့ တွဲဖက်အသုံးပြုနိုင်ပါတယ်။ K-9 Mail ဒီဇိုင်းက ခေတ်နောက်ကျနေပေမယ့် အလုပ်ဖြစ်သလို သုံးစွဲသူစိတ်ကျေနပ်စေမယ့် option တွေပါ၀င်လာပါတယ်။ K-9 Mail မှာ feature နည်းပါးပေမယ့် အီးမေးလ်ကို encrypt လုပ်မယ်ဆိုရင် စိတ်ကျေနပ်မှုရစေမှာပါ။ K-9 က Exchange 2003/2007, IMAP နဲ့ POP ထောက်ပံ့မှု ပါဝင်လာပါတယ်။ Gmail ပေါ်က IMAP ကိုဖွင့်ပြီး K-9 မှာ Gmail အသုံးပြုနိုင်ပါတယ်။

(၄) Nine

Nine မှာ Exchang, Office 365, Outlook, G Suite, Gmail, Yahoo, iCloud နဲ့ IMAP ထောက်ပံ့မှုတို့ ပါဝင်လာပါတယ်။ Nine က ActiveSync ထောက်ပံ့ထားတဲ့အတွက် synch လုပ်ဖို့ folder တွေကို ရွေးချယ်နိုင်ပါတယ်။ Nine မှာ Android Wear ထောက်ပံ့မှုလည်းပါဝင်ပြီး လုပ်ငန်းသုံးစွဲသူတွေအတွက် အဆင်ပြေပါတယ်။ Nine မှာပါဝင်တဲ့ အခြား feature တွေကတော့ quick filter tool, rich-text editor, calendar, tasks နဲ့ contacts, global address lists, HTML ထောက်ပံ့မှု, SSL ထောက်ပံ့မှုအပြင် conversation mode တို့ပါဝင်လာပါတယ်။ Nine ကတော့ ၁၄ ရက် အခမဲ့ အသုံးပြုနိုင်ပြီး လိုင်စင်ဗားရှင်းအတွက် ဒေါ်လာ ၁၄.၉၉ ကျသင့်ပါမယ်။

(၅) myMail

myMail ဟာ အခမဲ့ အီးမေးလ်ဝန်ဆောင်မှုဖြစ်ပြီး Hotmail, Gmail, Yahoo, Outlook, AOL, iCloud, Live, Exchange, GMX နဲ့ IMAP ဒါမှမဟုတ် POP3 mailbox အမျိုးမျိုးကို အသုံးပြုနိုင်ပါတယ်။ myMail interface က အလွန်ရိုးရှင်း သပ်ရပ်ပြီး Gmail နဲ့ဆင်ပါတယ်။ myMail ရဲ့အကောင်းဆုံး feature တွေထဲက ၁ ခုကတော့ built-in app lock ဖြစ်ပါတယ်။ သုံးစွဲသူက အရေးကြီးအီးမေးလ်ကို PIN ဒါမှမဟုတ် လက်ဗွေနဲ့ ဖွင့်ရမှာ ဖြစ်ပါတယ်။

စိုးထက်
Ref: TechRepublic