Android အတွက် အကောင်းဆုံး ခရစ္စမတ် app (၁၀) ခု

ခရစ္စမတ်အားလပ်ရက် ရာသီကတော့ ရောက်ရှိလာပြီ။ လူတွေက ခရစ္စမတ်သစ်ပင်တွေ အလှဆင်တာ၊ ဆင်နွှဲပြီး အပြန်အလှန် လက်ဆောင်တွေ ပေးကြပါတယ်။ တစ်နှစ်တာမှာ အကောင်းဆုံး အချိန်တွေထဲက တစ်ခုပါပဲ။ ခရစ္စမတ်ပွဲတော်ကို ဆင်နွှဲတဲ့အခါ စမတ်ဖုန်းကလည်း အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ခရစ္စမတ် အားလပ်ရက်ရာသီနဲ့ ကိုက်ညီမှုရှိတဲ့ app တွေကို ဖော်ပြပေးလိုက်ပါတယ်။

1Weather
ဈေးနှုန်း- အခမဲ့/ ၁.၉၉ ဒေါ်လာ

ခရစ္စမတ်အားလပ်ရက် ရောက်တဲ့အခါ ခရီးသွားတာ၊ ဈေးဝယ်ထွက်တာ အပြင် အခြားကိစ္စတွေ လုပ်ဆောင်ရပါတယ်။ အဲဒီကိစ္စတွေ ပြုလုပ်တဲ့အခါမှာ ရာသီဥတုကို သိထားတာက အကောင်းဆုံးပါပဲ။ 1Weather ကတော့ ရာသီဥတုကို အတိကျဆုံး ခန့်မှန်းပေးပါတယ်။ လက်ရှိ ရာသီဥတုအခြေအနေကိုလည်း ပြသပေးသလို ၁၀ ရက် ရာသီဥတု ခန့်မှန်းချက်နဲ့ ၁၂ ပတ် ရာသီဥတုခန့်မှန်းချက်ကိုလည်း ပြပေးပါတယ်။ App မှာ ရေဒါလည်း ပါဝင်ပြီး နေထွက်နဲ့ နေဝင်ချိန်ကိုလည်း ပြသပေးပါတယ်။

Christmas Countdown
ဈေးနှုန်း- အခမဲ့/ ၁.၉၉ ဒေါ်လာ

Christmas Countdown ကတော့ ခရစ္စမတ်ပွဲတော် ကျရောက်လာမယ့်အချိန်ကို ရေတွက်ပေးတဲ့ app တစ်ခုပါ။ Christmas Countdown မှာတော့ home screen နောက်ခံကိုလည်း ပြောင်းလဲနိုင်တယ်။ App အဓိက လုပ်ဆောင်ချက်ကတော့ ခရစ္စမတ် ကျရောက်မယ့်ကာလ အထိ အချိန်ကို ရေတွက်ပေးတာပါ။ ဒုတိယလုပ်ဆောင်ချက်ကတော့ ခရစ္စမတ် နေ့ထူးရက်မြတ် ရောက်မယ့် အချိန်ကို အထူးပြက္ခဒိန် တစ်ခုနဲ့ ဖော်ပြထားပါတယ်။ ပရီမီယံဗားရှင်းကို ဝယ်ယူလိုက်ရင် home screen ထဲမှာ countdown လုပ်မယ့် widget ၂ ခု ထည့်သွင်းနိုင်မှာပါ။

Google Santa Tracker
ဈေးနှုန်း- အခမဲ့

Google ရဲ့ Santa Tracker ကတော့ အကောင်းဆုံး ခရစ္စမတ် app တွေထဲက တစ်ခု ဖြစ်ပါတယ်။ app ထဲမှာ ကလေးတွေ ကြိုက်မယ့် ပျော်စရာ ဂိမ်းနဲ့ လုပ်စရာလေးတွေ ပါလာပါတယ်။ Google Cardboard VR ထောက်ပံ့မှု၊ Android Wear နဲ့ countdown timer လည်းပါဝင်လာပါတယ်။ ဒီဇင်ဘာလ ၂၄ ရက်မှာတော့ ကမ္ဘာတစ်ဝန်းက ခရစ္စမတ်ဘိုးဘိုးကြီး လမ်းကြောင်းတစ်လျှောက်ကို လိုက်ရပါမယ်။ App ကတော့ အခမဲ့ဖြစ်ပြီး ကြော်ငြာလည်း မပါပါဘူး။

iHeartRadio
ဈေးနှုန်း- အခမဲ့/ တစ်လ ၉.၉၉ဒေါ်လာ

iHeartRadio ကတော့ သီချင်းအတွက်ဆို အကောင်းဆုံး ခရစ္စမတ် app ထဲပါဝင်တယ်။ App ထဲမှာ ခရစ္စမတ်အသားပေး ရေဒီယိုစတေရှင်တွေ ပါဝင်ပြီး ပေါက်သီချင်းသစ်တွေ၊ ရှေးသီချင်းနဲ့ playlist အမျိုးမျိုး ပါဝင်လာပါတယ်။ အခု app ကိုတော့ ကြော်ငြာဝင်တာ မစိုးရိမ်ရင်တော့ အခမဲ့ သုံးလို့ရပါတယ်။ Apple Music, Spotify, Google Play Music, Pandora လိုမျိုး အခြား app တွေမှာလည်း ခရစ္စမတ် playlist တွေ ပါဝင်လာပါတယ်။ iHeartRadio ကတော့ သီချင်းတွေ streaming လုပ်တဲ့ app တွေ မသုံးဖူးသူတွေအတွက် အလွယ်တကူ သုံးနိုင်တဲ့ ဝန်ဆောင်မှု ဖြစ်ပါတယ်။

Mint
ဈေးနှုန်း- အခမဲ့

Mint ကတော့ ဝင်ငွေထွက်ငွေ တွက်ပေးနိုင်တဲ့ app ဖြစ်ပါတယ်။ သုံးစွဲသူက ဝင်ငွေကို ထည့်သွင်းပြီး လစဉ်အသုံးစရိတ်နဲ့ အခြားကုန်ကျမှုတွေကို ထည့်သွင်း တွက်ချက်ပေးပါတယ်။ ပြီးရင်တော့ ခရစ္စမတ်အားလပ်ရက် ဈေးဝယ်ထွက်တာ ဒါမှမဟုတ် ခရစ္စမတ် ညစာစားပွဲအတွက် ဘယ်လောက်သုံးနိုင်တယ် ဆိုတဲ့ ငွေပမာဏကို ပြောပြာပေးပါတယ်။

Movies Anywhere
ဈေးနှုန်း- အခမဲ့/ ရုပ်ရှင်အလိုက် ဈေးနှုန်းကွာခြားနိုင်

Movies Anywhere ကတော့ ရုပ်ရှင်ပရိသတ်တွေ အကြိုက်တွေ့မှာပါ။ Amazon Video, Google Play Movies, Apple ရဲ့ ရုပ်ရှင်စတိုးနဲ့ အခြားနေရာက ရုပ်ရှင်တွေကို ကြည့်နိုင်ပါတယ်။ အဲဒီကနေလည်း ရုပ်ရှင်တွေကိုလည်း ဝယ်ယူနိုင်ပါတယ်။

Safe Notes
ဈေးနှုန်း- အခမဲ့

Safe Notes ကတော့ ခရစ္စမတ်လက်ဆောင် ဝယ်ယူတဲ့အခါ အထောက်အကူ ဖြစ်စေတဲ့ app ဖြစ်တယ်။ Google Keep Notes လိုမျိုး မှတ်စု app ပါပဲ။ ကွာခြားတာက Safe Notes ကတော့ မှတ်စုတွေကို သော့ခတ်ပြီး ဖုံးကွယ်ထားလို့ ရပါတယ်။ မှတ်စုအတွက် PIN ဒါမှမဟုတ် password ခံထားလို့ရပါတယ်။ UI ကတော့ ဟောင်းနွမ်းပေမယ့် ခိုင်မာမှုရှိပါတယ်။

TickTick
ဈေးနှုန်း- အခမဲ့

TickTick ကတော့ to-do list app ဖြစ်ပြီး မဖြစ်မနေ ဆောင်ရွက်ရမယ့် ကိစ္စတွေကို ထည့်သွင်းထားလို့ ရပါတယ်။ TickTick မှာ လုပ်ဆောင်ရမယ့် ကိစ္စတွေကို အလွယ်တကူ ခြေရာခံနိုင်ပါတယ်။ App ထဲမှာ ကိစ္စတွေ ထည့်သွင်းပြီး စာရင်းအမျိုးမျိုးနဲ့ စုစည်းပေးနိုင်ပါတယ်။

Zedge
ဈေးနှုန်း- in-app purchase ပါဝင်/ အခမဲ့

Zedge ကတော့ Google Play ပေါ်က သတိပေးချက်နဲ့ ringtone အကောင်းဆုံး app ဖြစ်ပါတယ်။ App ထဲမှာ အသံတွေ အများကြီး ပါဝင်လာပါတယ်။ ခရစ္စမတ်သံစဉ် များစွာလည်း ပါဝင်လာပါတယ်။ ဒါ့အပြင် အခြားအားလပ်ရပ်ရာသီ ဖြစ်တဲ့ ကျေးဇူးတော်နေ့အတွက် အသံမျိုးစုံလည်း ပါဝင်လာပါတယ်။

ကြိုက်နှစ်သက်တဲ့ TV app ရွေးချယ်ပါ
ဈေးနှုန်း – အခမဲ့/ ဈေးနှုန်းကွာခြားနိုင်

အခုကာလမှာ Live TV app တွေက ရေပန်းစားနေပါတယ်။ PlayStation Vue, YouTube TV, Hulu, Sling TV နဲ့ DirecTV လိုမျိုး ဝန်ဆောင်မှုတွေရှိပါတယ်။ သုံးစွဲသူက ကြိုက်နှစ်သက်တာကို ရွေးချယ်လို့ရနေပါပြီ။

ဈေးဝယ်ထွက်နိုင်တဲ့ app များ
ဈေးနှုန်း – အခမဲ့

ခရစ္စမတ်ကာလမှာ အလုပ်ရှုပ်ဆုံး app ကတော့ ဈေးဝယ်ထွက်နိုင်တဲ့ app တွေဖြစ်ပါတယ်။ အဲဒီ app တွေမှာ ရောင်းဈေးအမျိုးမျိုး၊ အထူးပွဲတွေအပြင် အထူးကမ်းလှမ်းချက်တွေနဲ့ ပစ္စည်းအမျိုးမျိုး ရောင်းနေကြပါတယ်။ သုံးစွဲသူက နှစ်သက်ရာမှာ သဘောကျတဲ့ ကုန်ပစ္စည်းကို ဝယ်လို့ရပါတယ်။

Google Duo (ဒါမှမဟုတ် Zoom)
ဈေးနှုန်း – အခမဲ့

၂၀၂၀ ခုနှစ် ခရစ္စမတ်ကတော့ မှတ်ဉာဏ်ထဲမှာ စွဲထင်နေမှာပါ။ COVID-19 ကပ်ရောဂါကြောင့် နေရာတော်တော်များများကို ပိတ်ထားကြပါတယ်။ ကမ္ဘာပေါ်က အစိုးရတွေကလည်း အားလပ်ရက်အတွင်း လူများများ မစုဖို့ ဆော်ဩနေကြပါတယ်။ ဒါကြောင့် ချစ်သူခင်သူတွေက လူချင်းမတွေ့ဆုံနိုင်ဘဲ virtual မှာပဲ တွေ့ဆုံနေကြပါတယ်။ Google Duo ကိုအသုံးပြုပြီး ချစ်ခင်သူတွေနဲ့ ဆုံတွေ့လို့ရပါတယ်။ Google Duo ကတော့ Android နဲ့ iOS မှာ လူ ၃၂ ယောက်အထိ ဗီဒီယို chat လုပ်လို့ရပါတယ်။ Google Duo မသုံးချင်ရင် Zoom ကို ပြောင်းလဲ အသုံးပြုနိုင်တယ်။ နောက်ရွေးချယ်စရာ တစ်ခုကတော့ Skype ဖြစ်ပါတယ်။

-စိုးထက်
Ref: AndroidAuthority