Android အတြက္ Instagram Lite app ထြက္ေပၚလာ

[ Zawgyi ]

Instagram ဟာ သုံးစြဲသူမ်ားစြာကို ဆြဲေဆာင္ဖို႔အတြက္ Lite app တစ္မ်ိဳးကို ျဖန္႔ခ်ိခဲ့ပါတယ္။

Instagram ဟာ ေၾကညာခ်က္ တစ္စုံတစ္ရာ မထုတ္ျပန္ဘဲ Google Play Store မွာ Android အတြက္ Instagram Lite အမည္ရ app ကို ျဖန္႔ခ်ိခဲ့တာ ျဖစ္ပါတယ္။ “Instagram Lite app ဟာ ေသးငယ္ၿပီး ဖုန္းေနရာလြတ္ေတြ သက္သာေစသလို အလ်င္အျမန္ download ျပဳလုပ္ႏိုင္တယ္” လို႔ app ေဖာ္ျပခ်က္မွာ ေရးသားထားပါတယ္။

Instagram Lite ဖိုင္အရြယ္အစားဟာ 573 kilobytes ပဲရွိပါတယ္။ Instagram Lite အရြယ္အစားက 32 megabyte ပမာဏရွိတဲ့ အဓိက app ရဲ႕ ၅၅ ပုံ တစ္ပုံပဲရွိပါတယ္။ Instagram Lite မွာ feed နဲ႔ Stories မွာ filter အသုံးျပဳၿပီး ဓာတ္ပုံေတြ တင္ခြင့္ေပးထားေပမယ့္ ဗီဒီယိုေတြ ေဝမွ်တာနဲ Direct message အသံုးျပဳတာ စတဲ့ option ေတြမပါဝင္ပါဘူး။

ဖြံ႔ၿဖိဳးဆဲႏိုင္ငံေတြမွာ ေနထိုင္သူေတြက storage နည္းပါးတဲ့ ဖုန္းေဟာင္းေတြကို အသုံးျပဳေနၾကပါတယ္။ ဒါ့အျပင္ အင္တာနက္ျမန္ႏႈန္း ေႏွးေကြးၿပီး data package အႀကီးစားေတြလည္း မဝယ္ယူႏိုင္ၾကပါဘူး။

Instagram Lite က အဲဒီျပႆနာေတြကုိ ေျဖရွင္းေပးထားပါတယ္။ သုံးစြဲသူေတြအေနနဲ႔ Instagram Lite ကို install လုပ္ဖုိ႔ အခ်ိန္အေတာ္ၾကာ ေစာင့္ဆုိင္းရတာ ဒါမွမဟုတ္ download ျပဳလုပ္ဖို႔ ေငြေၾကးမ်ားစြာ ေပးစရာမလိုသလို app ေတြ ဒါမွမဟုတ္ ဓာတ္ပုံေတြကုိ ဖ်က္စရာလိုေတာ့မွာ မဟုတ္ပါဘူး။

ၿပီးခဲ့တဲ့လက Instagram ဟာ ဒီဇိုင္းပုိင္းျပင္ဆင္ထားတဲ့ မိုဘိုင္းဝက္ဘ္ဆိုက္ကုိ လႊင့္တင္အၿပီး ဖြံ႕ၿဖိဳးဆဲႏိုင္ငံေတြအတြက္ ဖန္တီးထားတဲ့ Lite app ကို ျဖန္႔ခ်ိလိုက္တာျဖစ္ပါတယ္။

စိုးထက္
Ref: TechCrunch

[ Unicode ]

Instagram ဟာ သုံးစွဲသူများစွာကို ဆွဲဆောင်ဖို့အတွက် Lite app တစ်မျိုးကို ဖြန့်ချိခဲ့ပါတယ်။

Instagram ဟာ ကြေညာချက် တစ်စုံတစ်ရာ မထုတ်ပြန်ဘဲ Google Play Store မှာ Android အတွက် Instagram Lite အမည်ရ app ကို ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။ “Instagram Lite app ဟာ သေးငယ်ပြီး ဖုန်းနေရာလွတ်တွေ သက်သာစေသလို အလျင်အမြန် download ပြုလုပ်နိုင်တယ်” လို့ app ဖော်ပြချက်မှာ ရေးသားထားပါတယ်။

Instagram Lite ဖိုင်အရွယ်အစားဟာ 573 kilobytes ပဲရှိပါတယ်။ Instagram Lite အရွယ်အစားက 32 megabyte ပမာဏရှိတဲ့ အဓိက app ရဲ့ ၅၅ ပုံ တစ်ပုံပဲရှိပါတယ်။ Instagram Lite မှာ feed နဲ့ Stories မှာ filter အသုံးပြုပြီး ဓာတ်ပုံတွေ တင်ခွင့်ပေးထားပေမယ့် ဗီဒီယိုတွေ ဝေမျှတာနဲ Direct message အသုံးပြုတာ စတဲ့ option တွေမပါဝင်ပါဘူး။

ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ နေထိုင်သူတွေက storage နည်းပါးတဲ့ ဖုန်းဟောင်းတွေကို အသုံးပြုနေကြပါတယ်။ ဒါ့အပြင် အင်တာနက်မြန်နှုန်း နှေးကွေးပြီး data package အကြီးစားတွေလည်း မဝယ်ယူနိုင်ကြပါဘူး။

Instagram Lite က အဲဒီပြဿနာတွေကို ဖြေရှင်းပေးထားပါတယ်။ သုံးစွဲသူတွေအနေနဲ့ Instagram Lite ကို install လုပ်ဖို့ အချိန်အတော်ကြာ စောင့်ဆိုင်းရတာ ဒါမှမဟုတ် download ပြုလုပ်ဖို့ ငွေကြေးများစွာ ပေးစရာမလိုသလို app တွေ ဒါမှမဟုတ် ဓာတ်ပုံတွေကို ဖျက်စရာလိုတော့မှာ မဟုတ်ပါဘူး။

ပြီးခဲ့တဲ့လက Instagram ဟာ ဒီဇိုင်းပိုင်းပြင်ဆင်ထားတဲ့ မိုဘိုင်းဝက်ဘ်ဆိုက်ကို လွှင့်တင်အပြီး ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် ဖန်တီးထားတဲ့ Lite app ကို ဖြန့်ချိလိုက်တာဖြစ်ပါတယ်။

စိုးထက်
Ref: TechCrunch