Android အတြက္ Fortnite ကို Samsung Galaxy ထုတ္ကုန္တခ်ိဳ႕တြင္ ကစားႏိုင္ၿပီ

[ Zawgyi ]

Android အတြက္ Fortnite ဂိမ္းကို Samsung ထုတ္ကုန္ေတြအတြက္ သီးသန္႔ျဖန္႔ခ်ိခဲ့ပါတယ္။ Fortnite ဂိမ္းဟာ Samsung Galaxy Note 9 နဲ႔ Tab S4 ေတြမွာ ပါဝင္လာတဲ့အျပင္ S/S9 Plus, Note 8, Galaxy S8/ S8 Plus, Galaxy S7 Edge နဲ႔ Tab S3 လိုမ်ိဳး Samsung ထုတ္ကုန္အမ်ိဳးမ်ိဳးမွာလးညး္ beta အဆင့္အေနနဲ႔ စတင္ကစားႏိုင္ၿပီ ျဖစ္ပါတယ္။ Samsung ထုတ္ကုန္ပုိင္ဆုိင္သူအေနနဲ႔ Samsung ရဲ႕ Game Launcher app ဒါမွမဟုတ္ Epic ရဲ႕ new installer ကေန Fortnite ဂိမ္းကို install လုပ္ႏိုင္ပါတယ္။

Samsung ဟာ Fortnite ဂိမ္းရဲ႕ APK ေပါက္ၾကားခဲ့အၿပီးမွာ တရားဝင္ထုတ္ျပန္မႈ ျပဳလုပ္ခဲ့ပါတယ္။ Samsung ထုတ္ကုန္ေတြမွာပဲ Fortnite ဂိမ္းကစားႏိုင္တဲ့ သီးသန္႔အစီအစဥ္ကာလက ရက္အနည္းငယ္ပဲ ၾကာျမင့္မွာ ျဖစ္တယ္လို႔ ကုမၸဏီေျပာခဲ့ပါတယ္။ အခုအစီအစဥ္ဟာ ေကာလာဟလသတင္းေတြက ေဖာ္ျပခဲ့တဲ့ ရက္ ၃၀ ထက္ နည္းပါးဖြယ္ရွိတဲ့အတြက္ Fortnite ပရိသတ္ေတြအတြက္ သတင္းေကာင္းျဖစ္ပါတယ္။ Galaxy Note 9 ကို ႀကိဳတင္မွာယူသူေတြအေနနဲ႔ ဆူညံသံေလွ်ာ႔ခ်ေပးတဲ့ AKG နားၾကပ္မယူလိုတဲ့အခါမွာ 15,000 V-bucks နဲ႔ Fortnite Galaxy skin ကုိရယူႏိုင္ပါတယ္။ ဒါမွမဟုတ္ အဲဒီ option ၂ ခုကုိ ၉၉ ေဒၚလာေပးေခ်ၿပီးလည္း ဝယ္ယူႏိုင္ပါတယ္။

 

Fortnite ဂိမ္းကို Android မွာျဖန္႔ခ်ိတဲ့အခါက်ရင္ သမား႐ုိးက်ပုံစံမ်ိဳးနဲ႔ ျဖန္႔ခ်ိသြားမွာ မဟုတ္ပါဘူး။ သုံးစြဲသူက ဂိမ္း Android beta ကစားဖို႔အတြက္ ဖိတ္ၾကားခံရဖို႔ epicgames.com မွာ signup ျပဳလုပ္ရပါမယ္။ အဲဒီဝက္ဘ္ဆိုက္မွာ Epic က FAQ အတြင္းမွာ Fortnite ဂိမ္းကစားႏိုင္တဲ့ ထုတ္ကုန္ေတြကို ေဖာ္ျပထားပါတယ္။ Google Play Store ကုိေက်ာ္လႊားၿပီး Fortnite အတြက္ ကိုယ္ပုိင္ launcher ကို ျဖန္႔ခ်ိသြားမယ္လို႔ Epic ကေျပာၾကားခဲ့ပါတယ္။

“Epic အေနနဲ႔ platfrom ေတြအားလုံးေပၚက ဂိမ္းကစားသူေတြနဲ႔ တုိက္႐ိုက္ဆက္ဆံေရး ထားရွိလိုတယ္” အမႈေဆာင္အရာရွိခ်ဳပ္ တင္မ္ဆြီနီက ေျပာပါတယ္။

Fortnite ဂိမ္းကို PC, Xbox One, PS4, Switch နဲ႔ iOS ေပၚမွာကစားသူ ခန္႔မွန္းေျခ စုစုေပါင္း ၁၂၄ သန္း ရွိပါတယ္။ တကယ္လို႔ Fortnite ဂိမ္းကုိ Android အတြက္ျဖန္႔ခ်ိလိုက္မယ္ဆိုရင္ ကစားသူ အေရအတြက္က အခုထက္ ပိုမိုမ်ားျပားလာမွာ ျဖစ္ပါတယ္။

စိုးထက္
Ref: TheVerge

[ Unicode ]

Android အတွက် Fortnite ဂိမ်းကို Samsung ထုတ်ကုန်တွေအတွက် သီးသန့်ဖြန့်ချိခဲ့ပါတယ်။ Fortnite ဂိမ်းဟာ Samsung Galaxy Note 9 နဲ့ Tab S4 တွေမှာ ပါဝင်လာတဲ့အပြင် S/S9 Plus, Note 8, Galaxy S8/ S8 Plus, Galaxy S7 Edge နဲ့ Tab S3 လိုမျိုး Samsung ထုတ်ကုန်အမျိုးမျိုးမှာလးညး် beta အဆင့်အနေနဲ့ စတင်ကစားနိုင်ပြီ ဖြစ်ပါတယ်။ Samsung ထုတ်ကုန်ပိုင်ဆိုင်သူအနေနဲ့ Samsung ရဲ့ Game Launcher app ဒါမှမဟုတ် Epic ရဲ့ new installer ကနေ Fortnite ဂိမ်းကို install လုပ်နိုင်ပါတယ်။

Samsung ဟာ Fortnite ဂိမ်းရဲ့ APK ပေါက်ကြားခဲ့အပြီးမှာ တရားဝင်ထုတ်ပြန်မှု ပြုလုပ်ခဲ့ပါတယ်။ Samsung ထုတ်ကုန်တွေမှာပဲ Fortnite ဂိမ်းကစားနိုင်တဲ့ သီးသန့်အစီအစဉ်ကာလက ရက်အနည်းငယ်ပဲ ကြာမြင့်မှာ ဖြစ်တယ်လို့ ကုမ္ပဏီပြောခဲ့ပါတယ်။ အခုအစီအစဉ်ဟာ ကောလာဟလသတင်းတွေက ဖော်ပြခဲ့တဲ့ ရက် ၃၀ ထက် နည်းပါးဖွယ်ရှိတဲ့အတွက် Fortnite ပရိသတ်တွေအတွက် သတင်းကောင်းဖြစ်ပါတယ်။ Galaxy Note 9 ကို ကြိုတင်မှာယူသူတွေအနေနဲ့ ဆူညံသံလျှော့ချပေးတဲ့ AKG နားကြပ်မယူလိုတဲ့အခါမှာ 15,000 V-bucks နဲ့ Fortnite Galaxy skin ကိုရယူနိုင်ပါတယ်။ ဒါမှမဟုတ် အဲဒီ option ၂ ခုကို ၉၉ ဒေါ်လာပေးချေပြီးလည်း ဝယ်ယူနိုင်ပါတယ်။

Fortnite ဂိမ်းကို Android မှာဖြန့်ချိတဲ့အခါကျရင် သမားရိုးကျပုံစံမျိုးနဲ့ ဖြန့်ချိသွားမှာ မဟုတ်ပါဘူး။ သုံးစွဲသူက ဂိမ်း Android beta ကစားဖို့အတွက် ဖိတ်ကြားခံရဖို့ epicgames.com မှာ signup ပြုလုပ်ရပါမယ်။ အဲဒီဝက်ဘ်ဆိုက်မှာ Epic က FAQ အတွင်းမှာ Fortnite ဂိမ်းကစားနိုင်တဲ့ ထုတ်ကုန်တွေကို ဖော်ပြထားပါတယ်။ Google Play Store ကိုကျော်လွှားပြီး Fortnite အတွက် ကိုယ်ပိုင် launcher ကို ဖြန့်ချိသွားမယ်လို့ Epic ကပြောကြားခဲ့ပါတယ်။

“Epic အနေနဲ့ platfrom တွေအားလုံးပေါ်က ဂိမ်းကစားသူတွေနဲ့ တိုက်ရိုက်ဆက်ဆံရေး ထားရှိလိုတယ်” အမှုဆောင်အရာရှိချုပ် တင်မ်ဆွီနီက ပြောပါတယ်။

Fortnite ဂိမ်းကို PC, Xbox One, PS4, Switch နဲ့ iOS ပေါ်မှာကစားသူ ခန့်မှန်းခြေ စုစုပေါင်း ၁၂၄ သန်း ရှိပါတယ်။ တကယ်လို့ Fortnite ဂိမ်းကို Android အတွက်ဖြန့်ချိလိုက်မယ်ဆိုရင် ကစားသူ အရေအတွက်က အခုထက် ပိုမိုများပြားလာမှာ ဖြစ်ပါတယ်။

Ref: TheVerge