Android မှာ Zoom app သုံးပြီး ပါဝင်သူတစ်ဦးအနေနဲ့ အစည်းအဝေးကို ဖုန်းကနေ ဘယ်လို record လုပ်မလဲ

လက်ရှိပြည်တွင်းမှာ အွန်လိုင်းစည်းဝေးတာတွေ လုပ်ဆောင်နိုင်တဲ့ အခမဲ့ Zoom app ကို အသုံးပြုပြီး အစည်းအဝေးတွေ၊ ဟောပြောပွဲတွေ၊ သင်တန်းတွေများစွာ ပြုလုပ်လာကြပါတယ်။ Zoom app ရဲ့အားသာချက်က အစည်းအဝေးတစ်ခု ဖြစ်ဖြစ်၊ ဟောပြောပွဲတစ်ခုဖြစ်ဖြစ် App ကနေ အလွယ်တကူ အစအဆုံး မှတ်တမ်းတင်ထားနိုင်တာဖြစ်ပါတယ်။ အစည်းအဝေး၊ ဟောပြောပွဲကို Host လုပ်တဲ့ သူက မှတ်တမ်းတင်ထားတာ များပါတယ်။ ဒါပေမဲ့ သင့်အနေနဲ့ Host မဟုတ်ဘဲ ပါဝင်သူတစ်ဦးအနေနဲ့ ဖုန်းကနေ သင်တက်ရောက်တဲ့ အစည်းအဝေး ဒါမှမဟုတ် အွန်လိုင်းသင်တန်း စတာတွေက အကြောင်းအရာတွေကို သင့်ရဲ့ဖုန်းထဲမှာ record လုပ် မှတ်တမ်းတင်ထားနိုင်ပါတယ်။

အဲဒီလို မှတ်တမ်းတင်ထားနိုင်ဖို့ Host လုပ်တဲ့သူရဲ့ ခွင့်ပြုချက်တော့ လိုမှာဖြစ်ပါတယ်။ Host လုပ်တဲ့သူက ပါဝင်သူ Participants တွေကို Allow Record ခွင့်ပြုပေးထားမယ်ဆိုရင်တော့ သင့်ရဲ့ဖုန်းကနေ မှတ်တမ်းတင်ထားနိုင်မှာပါ။

Host allows you to record this meeting ဆိုတဲ့ အသိပေးစာသား ပေါ်လာရင်တော့ သင့်အနေနဲ့ စတင်ပြီး record လုပ်မှတ်တမ်းတင်နိုင်ပြီ ဖြစ်ပါတယ်။

အစည်းအဝေးကို Zoom app ကနေ ဝင်ရောက်ပြီးရင် အောက်ကပုံမှာ ပြထားတဲ့အတိုင်း More ဆိုတဲ့နေရာကို နှိပ်လိုက်ပါ။

အဲလို နှိပ်လိုက်ရင်တော့ Pop-up ဘောက်စ်တစ်ခု ပေါ်လာမှာဖြစ်ပြီး Record ဆိုတာကို ရွေးပေးလိုက်တာနဲ့ ဖုန်းမှာ အကြောင်းအရာတွေကို စတင် record လုပ်မှတ်တမ်းတင်ပေးမှာ ဖြစ်ပါတယ်။

သင့်အနေနဲ့ မှတ်တမ်းတင်တာကို လုံးဝရပ်တန့်ချင်တာ ဒါမှမဟုတ် ခေတ္တရပ်ထားချင်တာဆိုရင်တော့ More ကို ထပ်နှိပ်ပြီး Stop icon ဒါမှမဟုတ် Pause icon ကို နှိပ်ပြီး ရပ်တန့်ထားနိုင်ပါတယ်။

အစည်းအဝေး ဒါမှမဟုတ် သင်တန်းပြီးရင်တော့ သင့်ရဲ့ ဗီဒီယိုကို My Recording မှာ ပြန်ရှာကြည့်နိုင်ပြီ ဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««