Android မှာ Spotify သီချင်းကို Alarm နှိုးစက်အနေနဲ့ ဘယ်လိုသုံးမလဲ

သင်က Android ဖုန်းသုံးသလို Spotify နဲ့ သီချင်းနားထောင်လေ့ရှိတဲ့သူဆိုရင် ဒီနည်းလမ်းကို အသုံးပြုသင့်ပါတယ်။ Spotify မှာ နှိုးစက်အနေနဲ့ အသုံးပြုနိုင်တဲ့ Alarm အသံနဲ့ သီချင်းတွေ များစွာရှိပါတယ်။ သင်က ဖုန်းမှာပါတဲ့ Alarm အသံတွေကို မသုံးချင်ရင် ဒါမှမဟုတ် Spotify သီချင်းကို နှိုးစက်အသံအနေနဲ့ ဖုန်းမှာ ထားရှိအသုံးပြုချင်ရင်တော့ Google Clock app ကို Play Store ကနေ ဖုန်းထဲ ထည့်သွင်းလိုက်ပါ။

ဒီ app က ဖုန်းမှာပါတဲ့ Alarm စနစ်နဲ့ အသုံးမပြုနိုင်တဲ့ Spotify က သီချင်းတွေသာ မကဘဲ YouTube Music က သီချင်းတွေကိုလည်း အသုံးပြုနိုင်အောင် ထောက်ပံ့ပေးထားပါတယ်။ Clock app ကို ဖုန်းထဲ ထည့်ပြီးရင်တော့ ပုံမှန်ဖွင့်နေကျအတိုင်း မဟုတ်ဘဲ Google Assistant နဲ့ Alarm ကို ဖွင့်ဖို့ ဖုန်းရဲ့ Home ခလုတ်ကိုနှိပ်ပြီး “Hey Google, set an alarm” လို့ ပြောလိုက်ပါ။

Alarm စနစ်ပွင့်လာရင်တော့ ခေါင်းလောင်းပုံလေးပါတဲ့ Default ဆိုတာကို တစ်ချက်နှိပ်လိုက်ပါ။

ပြီးရင်တော့ Alarm အတွက်သီချင်းကို ရွေးပေးရမှာဖြစ်ပါတယ်။ Spotify ဆိုတဲ့နေရာကို နှိပ်လိုက်ပါ။

သင့်အနေနဲ့ Spotify ကို Log in လုပ်ပေးဖို့ ပြောပါလိမ့်မယ်။ Log in လုပ်ပေးလိုက်ပါ။ ပြီးရင်တော့ သင့်အနေနဲ့ နှိုးစက် Alarm အနေနဲ့ ထားချင်တဲ့ သီချင်းကို Search ကနေ ရှာလိုက်ပါ။

App ကနေ သုံးသင့်တဲ့ Alarm သံတွေကို ဖော်ပြပေးပါလိမ့်မယ်။ နှစ်သက်ရာတစ်ခုကို ရွေးလိုက်ပါ။

အဲလို ရွေးလိုက်ပြီးရင်တော့ သင့်ရဲ့ နှိုးစက် Alarm အသံက သင်ရွေးထားတဲ့ Spotify သီချင်းကို ထားရှိပြီးဖြစ်တာကို တွေ့ရမှာပဲ ဖြစ်ပါတယ်။

အားလုံးပဲ အဆင်ပြေကြပါစေ။

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««